ဝတ်​ပြု 4:19-25 BJB

19 နွားဆီဥရှိသမျှကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။

20 အပြစ်ဖြေရာယဇ်ပြုသော နွားကိုပြုသကဲ့သို့၊ ထိုနည်းတူ ဤနွားကိုပြုသဖြင့်၊ ယဇ်ပုရောဟိတ်သည် လူများတို့အဘို့ အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူတို့အပြစ် လွတ်လိမ့်မည်။

21 ထိုနောက်မှ နွားကိုတပ်ပြင်သို့ဆောင်သွား၍၊ အရင်နွားကို မီးရှို့သကဲ့သို့ ရှို့ရမည်။ ပရိသတ်အဘို့ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။

22 မင်းသည်လည်း တရားကိုမသိ၊ မိမိဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သောအမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊

23 မိမိပြစ်မှားမိသော အပြစ်ကိုသိသောအခါ၊ အပြစ်မပါသော ဆိတ်သငယ်အထီးကို ပူဇော်သက္ကာဘို့ဆောင်ခဲ့ရမည်။

24 ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်တွင် သတ်ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။

25 ယဇ်ပုရောဟိတ်သည် ထိုအပြစ်ဖြေရာယဇ်၏အသွေးကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦးချိုတို့၌ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ထိုပလ္လင်ခြေရင်းနား၌ သွန်ရမည်။