ဝတ်​ပြု 4:28-34 BJB

28 မိမိပြစ်မှားမိသော အပြစ်ကိုသိသောအခါ၊ ထိုအပြစ်အတွက် ပူဇော်သက္ကာဘို့ အပြစ်မပါသော ဆိတ်သငယ်အမကိုဆောင်ခဲ့ရမည်။

29 အပြစ်ဖြေရာယဇ်ပြုသော ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကိုသတ်ရာအရပ်၌ ထိုဆိတ်ကိုသတ်ရမည်။

30 ယဇ်ပုရောဟိတ်သည် အသွေးကိုလက်ညှိုးနှင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင် ဦးချိုတို့၌ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌သွန်ရမည်။

31 မိဿဟာယယဇ်ကောင်ဆီဥကိုယူသကဲ့သို့၊ ဆီဥရှိသမျှကိုယူ၍ ထာဝရဘုရားအားမွှေးကြိုင်စရာဘို့ ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူအဘို့အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။

32 သိုးသငယ်ကို အပြစ်ဖြေရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသောအမကို ဆောင်ခဲ့ရမည်။

33 အပြစ်ဖြေရာယဇ်ပြုသော သိုးခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကိုသတ်ရာအရပ်၌ အပြစ်ဖြေရာယဇ်ဖြစ်စေခြင်းငှါ သတ်ရမည်။

34 ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦးချိုတို့၌ထည့်ပြီးမှ ဖြန်းသောအသွေးကို ထိုပလ္လင်ခြေရင်းနား၌ သွန်ရမည်။