ဝတ်​ပြု 4:32-35 BJB

32 သိုးသငယ်ကို အပြစ်ဖြေရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသောအမကို ဆောင်ခဲ့ရမည်။

33 အပြစ်ဖြေရာယဇ်ပြုသော သိုးခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကိုသတ်ရာအရပ်၌ အပြစ်ဖြေရာယဇ်ဖြစ်စေခြင်းငှါ သတ်ရမည်။

34 ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦးချိုတို့၌ထည့်ပြီးမှ ဖြန်းသောအသွေးကို ထိုပလ္လင်ခြေရင်းနား၌ သွန်ရမည်။

35 မိဿဟာယယဇ်ကောင် သိုးသငယ်ဆီဥကိုပြုသကဲ့သို့၊ ဆီဥရှိသမျှကိုယူ၍၊ ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေခြင်းကိုပြလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။