ဝတ်​ပြု 4:6-12 BJB

6 မိမိလက်ညှိုးကိုအသွေး၌နှစ်၍ သန့်ရှင်းရာဌာနတော်ကုလားကာရှေ့၊ ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်ဖြန်းရမည်။

7 တဖန်ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာတဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာရှိသော နံ့သာပေါင်းမွှေးကို မီးရှို့ရာပလ္လင်ဦးချိုတို့၌ နွားအသွေးကိုထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။

8 မိဿဟာယယဇ်ပြုသော နွား၏ဆီဥကိုယူသကဲ့သို့၊ အပြစ်ဖြေရာယဇ်ပြုသော နွားအအူကိုဖုံးသောဆီဥ၊ အအူနှင့်ဆိုင်သမျှသောဆီဥ၊

9 ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသော အမြှေးတည်းဟူသော၊ နွားဆီဥရှိသမျှကို ယူ၍၊

10 မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ ရှို့ရမည်။

11 နွား၏ ခေါင်း၊ ခြေထောက်၊ အအူ၊ ချေးနုနှင့်တကွအရေ၊ အသားရှိသမျှ တည်းဟူသော၊

12 နွာတကောင်လုံးကို၊ တပ်ပြင်မှာ ပြာသွန်ထားရာ ရှင်းလင်းသော အရပ်သို့ယူသွား၍ ထင်းအပေါ်၌မီးရှို့ရမည်။ ပြာသွန်၍ထားရာအရပ်၌ မီးရှို့ရမည်။