ဝတ်​ပြု 5:1-5 BJB

1 တစုံတယောက်သောသူသည် အမှုကိုမြင်သည်ဖြစ်စေ၊ သိသည်ဖြစ်စေ၊ ကျိန်ဆိုစေသောစကားကိုကြား၍၊ သက်သေဖြစ်လျက်နှင့် ပြန်မပြောဘဲနေသဖြင့် ပြစ်မှား၍၊ မိမိဒုစရိုက်အပြစ်ကိုခံရသော်၎င်း၊

2 တစုံတယောက်သောသူသည် မစင်ကြယ်သော သားရဲ၊ သားယဉ်၊ တွားတတ်သော တိရစ္ဆာန်၏အသေကောင် အစရှိသောမစင်ကြယ်သော အရာတစုံတခုကို အမှတ်တမဲ့ထိမိသဖြင့်၊ မစင်ကြယ်ရာသို့ရောက်၍ အပြစ်ရှိသော်၎င်း၊

3 လူ၌ကပ်သော မစင်ကြယ်သောအရာတစုံတခုကိုလည်း၊ မသိဘဲထိမိ၍ နောက်တဖန်သိလျှင်၊ အပြစ်ရှိရာသို့ရောက်သော်၎င်း၊

4 တစုံတယောက်သောသူသည် ကောင်းသောအမှု၊ မကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ်ကိုမသိဘဲ ကျိန်ဆိုလျက် သစ္စာပြု၍ နောက်တဖန်သိလျှင်၊ အရင်ကျိန်ဆိုလျက် သစ္စာပြုလေရာရာ၌ အပြစ်တစုံတခုရောက်သော်၎င်း၊

5 ထိုသို့သောအပြစ်တစုံတခု ရောက်လျှင်၊ ထိုအပြစ်ကို ဘော်ပြတောင်းပန်ရမည်။