ဝတ်​ပြု 5:10-16 BJB

10 ဒုတိယငှက်ကောင်ကို၊ ပညတ်တရားအတိုင်း မီးရှို့ရာယဇ်ပူဇော်ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည်၊ ထိုသူပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။

11 ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကိုမတတ်နိုင်လျှင်၊ ပြစ်မှားသောသူသည် အပြစ်ဖြေရာယဇ်အရာ၌ မုန့်ညက်တဩမဲကိုဆောင်ခဲ့၍၊ ဆက်ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သောကြောင့် ဆီကိုမလောင်းရ။ လောဗန်ကို မတင်ရ။

12 ယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်းတည်းဟူသော ပူဇော်သက္ကာအတွက်အတာကိုယူ၍၊ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သက္ကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။

13 ထိုသို့ယဇ်ပုရောဟိတ်သည်၊ ထိုသူပြစ်မှားမိသော အပြစ်တစုံတခုအတွက် အဖြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွှတ်လိမ့်မည်။ ကြွင်းသောအရာသည် ဘောဇဉ်ပူဇော်သက္ကာကဲ့သို့၊ ယဇ်ပုရောဟိတ်အဘို့ဖြစ်သည်ဟု မောရှေအား မိန့်တော်မူ၏။

14 တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

15 တစုံတယောက်သောသူသည် တရားကိုမသိ၊ ထာဝရဘုရားနှင့် ဆိုင်သောအရာတို့၌ လွန်ကျူးပြစ်မှားမိလျှင်၊ ထိုပြစ်မှားခြင်းအတွက် ဒုစရိုက်ဖြေရာယဇ်တည်းဟူသော အပြစ်မပါသောသိုးထီးကို၎င်း၊ အကျပ်တော်အလိုက် ချင့်တွက်၍ ချိန်သောအလျော်ငွေကို၎င်း၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည်။

16 ထိုသို့ ဘုရားနှင့်ဆိုင်သောအရာ၌ ပြစ်မှားမိရာကိုပြုပြင်ပြီးလျှင်၊ ငါးစုတစုကိုလည်းထပ်၍ ယဇ်ပုရောဟိတ်အားပေးရမည်။ ယဇ်ပုရောဟိတ်သည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဖြစ်သော သိုးအားဖြင့်၊ ထိုသူအဘို့ အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။