ဝတ်​ပြု 7:1-7 BJB

1 ဒုစရိုက်ဖြေသောယဇ်ပူဇော်ခြင်းတရားဟူမူကား၊ အလွန်သန့်ရှင်းပေ၏။

2 မီးရှို့ရာယဇ်ကောင်ကိုသတ်ရာအရပ်၌ ဒုစရိုက်ဖြေသော ယဇ်ကောင်ကိုသတ်၍ အသွေးကိုယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။

3 အမြီးနှင့်တကွ အအူကိုဖုံးသောဆီဥ၊

4 ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသော အမြှေးတည်းဟူသော ဆီဥရှိသမျှကိုယူ၍ဆက်လျှင်၊

5 ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုရမည်။ ဒုစရိုက်ဖြေရာယဇ်ဖြစ်သတည်း။

6 အသားကို ယဇ်ပုရောဟိတ်ယောက်ျားအပေါင်းတို့သည်၊ သန့်ရှင်းရာဌာန၌ စားရကြမည်။ အလွန်သန့်ရှင်းပေ၏။

7 အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်၏တရားတပါးတည်းဖြစ်၍၊ ဒုစရိုက်အပြစ် ဖြေခြင်းကိုပြုသော ယဇ်ပုရောဟိတ်သည်ယူရမည်။