ဝတ်​ပြု 7:12-18 BJB

12 ကျေးဇူးတော်ဝန်ခံဘို့ရာပူဇော်လျှင်၊ ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့် လုပ်၍ကြော်သောမုန့်ပြားတို့ကို ပူဇော်ရမည်။

13 ထိုမုန့်ပြားမှတပါး၊ မိဿဟာယပူဇော်သက္ကာနှင့်ဆိုင်သော ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ၊ တဆေးပါသောမုန့်ကိုလည်း ပူဇော်ရမည်။

14 ပူဇော်သက္ကာရှိမျှအထဲကမုန့်တလုံးကို ထာဝရဘုရားအား ချီမြှောက်သော ပူဇော်သက္ကာပြု၍ ထိုမုန့်ကို မိဿဟာယယဇ် အသွေးဖြန်းသောယဇ်ပုရောဟိတ်ယူရမည်။

15 ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်သောမိဿဟာယယဇ်အသားကို၊ ပူဇော်သော နေ့ခြင်းတွင်စားရမည်။ နံနက်တိုင်အောင်မကြွင်းစေရ။

16 သို့မဟုတ် သစ္စာပြု၍ယဇ်ပူဇော်သည်ဖြစ်စေ၊ ကိုယ်အလိုအလျောက် ပူဇော်သည်ဖြစ်စေ၊ ပူဇော်သောနေ့ခြင်းတွင်၊ ယဇ်အသားကိုစား၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည်။

17 ကြွင်းသေးသောအသားကိုလည်း သန်ဘက်နေ့၌မီးရှို့ရမည်။

18 မိဿဟာယယဇ်အသားအနည်းငယ်ကို၊ သန်ဘက်နေ့၌စားမိလျှင် စိတ်တော်နှင့်မတွေ့။ ပူဇော်သောသူသည် အကျိုးကိုမရ။ ရွံရှာဘွယ်ဖြစ်လိမ့်မည်။ စားသောသူသည် ကိုယ်အပြစ်ကိုခံရလိမ့်မည်။