ဝတ်​ပြု 8:6-12 BJB

6 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့ကိုခေါ်ခဲ့၍ ရေချိုးပြီးလျှင်၊

7 အာရုန်ကို အင်္ကျီဝတ်စေ၍၊ ခါးပန်းကိုစည်းစေလေ၏။ ဝတ်လုံနှင့် သင်တိုင်းကိုလည်းခြုံစေ၍၊ ထူးဆန်းသော သင်တိုင်းခါးစည်းဖြင့် စည်းလေ၏။

8 ရင်ဖုံးကိုလည်းဆင်စေ၍၊ ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကိုသွင်းထားလေ၏။

9 သူ၏ခေါင်းပေါ်မှာဗောင်းကိုတင်၍၊ သန့်ရှင်းသောရွှေသင်းကျစ်ပြားကို ဗောင်းရှေ့၌တပ်လေ၏။

10 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည်လိမ်းရန်ဆီကိုယူ၍၊ တဲတော်နှင့် တဲတော်တန်ဆာရှိသမျှကိုလိမ်းသဖြင့် သန့်ရှင်းစေ၏။

11 ထိုဆီကို ယဇ်ပလ္လင်ပေါ်မှာခုနစ်ကြိမ်ဖြန်း၍၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် ခြေထောက်ကို၎င်း၊ သန့်ရှင်စေခြင်းငှါလိမ်းလေ၏။

12 လိမ်းရန်ဆီကို အာရုန်ခေါင်းပေါ်မှာလောင်း၍ သူ့ကိုသန့်ရှင်းစေခြင်းငှါ လိမ်းလေ၏။