1 ငါ့ညီအစ်ကိုတို့၊ ဆရာဖြစ်ကြသောငါတို့သည် ပို၍တင်းကျပ်သောတရားစီရင်ခြင်းကိုခံရမည်ဖြစ်ကြောင်း သိမှတ်လျက် ဆရာဖြစ်သူ မများစေကြနှင့်။
2 အကြောင်းမူကား ငါတို့ရှိသမျှသည် များစွာမှားယွင်းတတ်ကြ၏။ မည်သူမဆို စကားပြောခြင်းအရာ၌ မှားယွင်းခြင်းမရှိလျှင် ထိုသူသည် မိမိကိုယ်ခန္ဓာတစ်ခုလုံးကိုလည်းချုပ်တည်းနိုင်သည့် စုံလင်သောသူဖြစ်၏။
3 ငါတို့ကိုနာခံစေရန် မြင်း၏ပါးစပ်ထဲသို့ ဇက်ခွံ့သောအခါ သူ၏ကိုယ်ခန္ဓာတစ်ခုလုံးကို ငါတို့လှည့်နိုင်၏။
4 သင်္ဘောကိုလည်းကြည့်လော့။ ထိုမျှလောက်ကြီးမား၍ လေပြင်းတိုက်ရာသို့လွင့်ပါတတ်သော်လည်း သေးငယ်သောတက်မအားဖြင့် တက်မကိုင်အလိုရှိရာဘက်သို့ လှည့်စေနိုင်၏။
5 ထိုနည်းတူ လျှာသည်လည်း သေးငယ်သောအင်္ဂါအစိတ်အပိုင်းဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ မည်မျှလောက်သေးငယ်သောမီးသည် မည်မျှလောက်ကြီးမားသောသစ်တောကိုမီးစွဲလောင်စေနိုင်သည်ကို ကြည့်လော့။