ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 3:1-7 MSB

1 ငါ့​ညီ​အစ်​ကို​တို့၊ ဆ​ရာ​ဖြစ်​ကြ​သော​ငါ​တို့​သည် ပို​၍​တင်း​ကျပ်​သော​တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ​မည်​ဖြစ်​ကြောင်း သိ​မှတ်​လျက် ဆ​ရာ​ဖြစ်​သူ မ​များ​စေ​ကြ​နှင့်။

2 အ​ကြောင်း​မူ​ကား ငါ​တို့​ရှိ​သ​မျှ​သည် များ​စွာ​မှား​ယွင်း​တတ်​ကြ​၏။ မည်​သူ​မ​ဆို စ​ကား​ပြော​ခြင်း​အ​ရာ​၌ မှား​ယွင်း​ခြင်း​မ​ရှိ​လျှင် ထို​သူ​သည် မိ​မိ​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကို​လည်း​ချုပ်​တည်း​နိုင်​သည့် စုံ​လင်​သော​သူ​ဖြစ်​၏။

3 ငါ​တို့​ကို​နာ​ခံ​စေ​ရန် မြင်း​၏​ပါး​စပ်​ထဲ​သို့ ဇက်​ခွံ့​သော​အ​ခါ သူ​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကို ငါ​တို့​လှည့်​နိုင်​၏။

4 သင်္ဘော​ကို​လည်း​ကြည့်​လော့။ ထို​မျှ​လောက်​ကြီး​မား​၍ လေ​ပြင်း​တိုက်​ရာ​သို့​လွင့်​ပါ​တတ်​သော်​လည်း သေး​ငယ်​သော​တက်​မ​အား​ဖြင့် တက်​မ​ကိုင်​အ​လို​ရှိ​ရာ​ဘက်​သို့ လှည့်​စေ​နိုင်​၏။

5 ထို​နည်း​တူ လျှာ​သည်​လည်း သေး​ငယ်​သော​အင်္ဂါ​အ​စိတ်​အ​ပိုင်း​ဖြစ်​သော်​လည်း အ​လွန်​ဝါ​ကြွား​တတ်​၏။ မည်​မျှ​လောက်​သေး​ငယ်​သော​မီး​သည် မည်​မျှ​လောက်​ကြီး​မား​သော​သစ်​တော​ကို​မီး​စွဲ​လောင်​စေ​နိုင်​သည်​ကို ကြည့်​လော့။

6 လျှာ​သည် မီး​ဖြစ်​၏။ မ​တ​ရား​မှု​၏​လော​က​လည်း​ဖြစ်​၏။ လျှာ​သည် ငါ​တို့​၏​အင်္ဂါ​အ​စိတ်​အ​ပိုင်း​ထဲ​က တစ်​ခု​ဖြစ်​ပြီး ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကို ညစ်​ညူး​စွန်း​ထင်း​စေ​လျက် ဘ​ဝ​တစ်​ခု​လုံး​ကို လောင်​ကျွမ်း​စေ​ကာ မိ​မိ​သည်​လည်း င​ရဲ​မီး​၏​လောင်​ကျွမ်း​ခြင်း​ကို​ခံ​ရ​၏။

7 လူ​သား​တို့​သည် သား​ရဲ​တိ​ရစ္ဆာန်​နှင့်​ကျေး​ငှက်​မျိုး​မှ​စ​၍ တွား​သွား​သတ္တ​ဝါ​နှင့်​ရေ​သတ္တ​ဝါ​မျိုး​အ​ပေါင်း​တို့​ကို ယဉ်​ပါး​စေ​နိုင်​သ​ကဲ့​သို့ ယဉ်​လည်း​ယဉ်​ပါး​စေ​ခဲ့​ကြ​၏။