15 ထိုသို့သောဉာဏ်ပညာသည် အထက်အရပ်မှလာသည်မဟုတ်ဘဲ လောကနှင့်လည်းကောင်း၊ ဇာတိနှင့်လည်းကောင်း၊ နတ်ဆိုးတို့နှင့်လည်းကောင်း စပ်ဆိုင်၏။
16 အကြောင်းမူကား မနာလိုခြင်းနှင့်တစ်ကိုယ်ကောင်းဆန်ခြင်းရှိသောနေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့် ဆိုးညစ်သောအမှုအမျိုးမျိုးတို့ရှိတတ်၏။
17 သို့သော် အထက်အရပ်မှလာသောဉာဏ်ပညာသည် ပထမဦးစွာ သန့်ရှင်းစင်ကြယ်၏။ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ညင်သာသောသဘောနှင့် ပျော့ပျောင်းသောသဘောရှိ၍ ကရုဏာနှင့်ကောင်းမြတ်သောအသီးအပွင့်တို့ဖြင့်ပြည့်စုံကာ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းတို့နှင့် ကင်းစင်၏။
18 ငြိမ်းချမ်းမှုကိုဖြစ်စေသောသူတို့သည် ဖြောင့်မတ်ခြင်းအသီး၏မျိုးစေ့ကို ငြိမ်းချမ်းစွာကြဲတတ်ကြ၏။