ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 5:1-6 MSB

1 ချမ်း​သာ​သော​သူ​တို့၊ ယ​ခု​နား​ထောင်​ကြ​လော့။ သင်​တို့​အ​ပေါ်​သက်​ရောက်​လာ​မည့် ဒုက္ခ​ဆင်း​ရဲ​ခြင်း​များ​အ​တွက် အော်​ဟစ်​ငို​ကြွေး​ကြ​လော့။

2 သင်​တို့​၏​စည်း​စိမ်​သည် ဆွေး​မြည့်​၍ သင်​တို့​၏​အ​ဝတ်​များ​ကို ပိုး​ကိုက်​စား​လေ​ပြီ။

3 သင်​တို့​၏​ရွှေ​ငွေ​များ​သည် အ​ချေး​တက်​လျက်​ရှိ​ပြီ။ ထို​အ​ချေး​သည်​လည်း သင်​တို့​တစ်​ဖက်​၌ သက်​သေ​ဖြစ်​၍ သင်​တို့​အ​သား​ကို မီး​ကဲ့​သို့ လှိုက်​စား​လိမ့်​မည်။ သင်​တို့​သည် နောက်​ဆုံး​သော​နေ့​ရက်​ကာ​လ​၌ ဥစ္စာ​များ​ကို​သို​မှီး​ထား​ကြ​သည်​တ​ကား။

4 ကြည့်​ကြ​လော့။ သင်​တို့​လယ်​ကွင်း​၌​ရိတ်​သိမ်း​ပေး​သည့် အ​လုပ်​သ​မား​တို့​ကို သင်​တို့​လိမ်​ညာ​၍​မ​ပေး​ဘဲ​နေ​သော လုပ်​အား​ခ​များ​သည် အော်​ဟစ်​နေ​ကြ​၏။ ရိတ်​သိမ်း​သော​သူ​တို့​၏​အော်​ဟစ်​သံ​များ​သည်​လည်း ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နား​တော်​သို့ ရောက်​လေ​ပြီ။

5 သင်​တို့​သည် မြေ​ကြီး​ပေါ်​တွင် အ​ပျော်​အ​ပါး​လိုက်​စား​၍ ဇိမ်​ခံ​နေ​ကြ​ပြီ။ သတ်​ရန်​လျာ​ထား​သော​နေ့​အ​တွက် မိ​မိ​တို့​စိတ်​နှ​လုံး​ကို ဆူ​ဖြိုး​အောင်​ကျွေး​မွေး​ကြ​ပြီ။

6 သင်​တို့​သည် ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​ရှိ​သည်​ဟု​သတ်​မှတ်​၍ သတ်​ကြ​ပြီ။ သူ​သည် သင်​တို့​ကို ဆန့်​ကျင်​ခြင်း​မ​ပြု​ချေ။