ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 5:13-19 MSB

13 သင်​တို့​တွင် ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သူ​ရှိ​လျှင် သူ​သည် ဆု​တောင်း​စေ။ ဝမ်း​မြောက်​ရွှင်​လန်း​သော​သူ​ရှိ​လျှင် သူ​သည် ချီး​မွမ်း​သီ​ချင်း​ကို​သီ​ဆို​စေ။

14 သင်​တို့​တွင် နာ​မ​ကျန်း​ဖြစ်​သူ​ရှိ​လျှင် သူ​သည် အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​ကို​ဖိတ်​ခေါ်​စေ။ သူ​တို့​သည်​လည်း သ​ခင်​ဘု​ရား​၏​နာ​မ​တော်​၌ သူ့​ကို​ဆီ​လိမ်း​၍ သူ့​အ​တွက်​ဆု​တောင်း​ပေး​ကြ​စေ။

15 ယုံ​ကြည်​ခြင်း​ဖြင့်​တောင်း​လျှောက်​သော​ဆု​ပတ္ထ​နာ​သည် လူ​နာ​ကို​ကျန်း​မာ​စေ​၍ သ​ခင်​ဘု​ရား​သည် သူ့​ကို​ထူ​မ​တော်​မူ​လိမ့်​မည်။ သူ​သည် အ​ပြစ်​ကို​ပြု​မိ​ခဲ့​လျှင်​လည်း သူ့​ကို​ခွင့်​လွှတ်​တော်​မူ​လိမ့်​မည်။

16 သို့​ဖြစ်​၍ သင်​တို့​သည် ကျန်း​မာ​စေ​ခြင်း​ကို​ခံ​ရ​မည့်​အ​ကြောင်း တစ်​ဦး​နှင့်​တစ်​ဦး မိ​မိ​၏​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​လျက် အ​ချင်း​ချင်း​အ​တွက် ဆု​တောင်း​ကြ​လော့။ ဖြောင့်​မတ်​သော​သူ​၏​စိတ်​အား​ထက်​သန်​သည့်​ဆု​တောင်း​ချက်​သည် အ​လွန်​တန်​ခိုး​ပါ​၍ ထိ​ရောက်​မှု​ရှိ​၏။

17 ဧ​လိ​ယ​သည် ငါ​တို့​နည်း​တူ သာ​မန်​လူ​သား​တစ်​ဦး​ဖြစ်​သော်​လည်း မိုး​မ​ရွာ​မည့်​အ​ကြောင်း ထက်​သန်​စွာ​ဆု​တောင်း​သော​အ​ခါ သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်​တိုင် မြေ​ပေါ်​၌​မိုး​မ​ရွာ​ဘဲ​နေ​၏။

18 ထို့​နောက် သူ​သည် နောက်​တစ်​ဖန် ဆု​တောင်း​သော​အ​ခါ ကောင်း​ကင်​မှ​မိုး​ရွာ​သွန်း​၍ မြေ​သည် အ​သီး​အ​နှံ​များ​ကို​ဖြစ်​ထွန်း​စေ​၏။

19 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သမ္မာ​တ​ရား​လမ်း​မှ​လွဲ​သွား​၍ တစ်​စုံ​တစ်​ဦး​က သူ့​ကို ပြန်​လည်​ခေါ်​ဆောင်​လာ​လျှင်