ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 5:3-9 MSB

3 သင်​တို့​၏​ရွှေ​ငွေ​များ​သည် အ​ချေး​တက်​လျက်​ရှိ​ပြီ။ ထို​အ​ချေး​သည်​လည်း သင်​တို့​တစ်​ဖက်​၌ သက်​သေ​ဖြစ်​၍ သင်​တို့​အ​သား​ကို မီး​ကဲ့​သို့ လှိုက်​စား​လိမ့်​မည်။ သင်​တို့​သည် နောက်​ဆုံး​သော​နေ့​ရက်​ကာ​လ​၌ ဥစ္စာ​များ​ကို​သို​မှီး​ထား​ကြ​သည်​တ​ကား။

4 ကြည့်​ကြ​လော့။ သင်​တို့​လယ်​ကွင်း​၌​ရိတ်​သိမ်း​ပေး​သည့် အ​လုပ်​သ​မား​တို့​ကို သင်​တို့​လိမ်​ညာ​၍​မ​ပေး​ဘဲ​နေ​သော လုပ်​အား​ခ​များ​သည် အော်​ဟစ်​နေ​ကြ​၏။ ရိတ်​သိမ်း​သော​သူ​တို့​၏​အော်​ဟစ်​သံ​များ​သည်​လည်း ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နား​တော်​သို့ ရောက်​လေ​ပြီ။

5 သင်​တို့​သည် မြေ​ကြီး​ပေါ်​တွင် အ​ပျော်​အ​ပါး​လိုက်​စား​၍ ဇိမ်​ခံ​နေ​ကြ​ပြီ။ သတ်​ရန်​လျာ​ထား​သော​နေ့​အ​တွက် မိ​မိ​တို့​စိတ်​နှ​လုံး​ကို ဆူ​ဖြိုး​အောင်​ကျွေး​မွေး​ကြ​ပြီ။

6 သင်​တို့​သည် ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​ရှိ​သည်​ဟု​သတ်​မှတ်​၍ သတ်​ကြ​ပြီ။ သူ​သည် သင်​တို့​ကို ဆန့်​ကျင်​ခြင်း​မ​ပြု​ချေ။

7 သို့​ဖြစ်​၍ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​သည့်​တိုင်​အောင် စိတ်​ရှည်​သည်း​ခံ​ကြ​လော့။ ခြံ​သ​မား​သည် မြေ​မှ​အ​ဖိုး​တန်​သည့်​အ​သီး​အ​နှံ​ကို မိုး​ဦး​နှင့်​မိုး​နှောင်း​ရွာ​သည်​အ​ထိ စိတ်​ရှည်​စွာ​စောင့်​တတ်​၏။

8 သင်​တို့​သည်​လည်း စိတ်​ရှည်​သည်း​ခံ​ကြ​လော့။ သင်​တို့​၏​စိတ်​နှ​လုံး​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​ကြ​လော့။ အ​ကြောင်း​မူ​ကား သ​ခင်​ဘု​ရား​၏​ကြွ​လာ​တော်​မူ​ခြင်း​သည် နီး​ကပ်​လာ​ပြီ​ဖြစ်​၏။

9 ညီ​အစ်​ကို​တို့၊ စီ​ရင်​ခြင်း​မ​ခံ​ရ​မည့်​အ​ကြောင်း တစ်​ဦး​အ​ပေါ်​တစ်​ဦး ပြစ်​တင်​ညည်း​ညူ​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ကြည့်​ကြ​လော့။ တ​ရား​စီ​ရင်​သော​အ​ရှင်​သည် တံ​ခါး​ရှေ့​၌​ရပ်​နေ​တော်​မူ​ပြီ။