ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 5:7-13 MSB

7 သို့​ဖြစ်​၍ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​သည့်​တိုင်​အောင် စိတ်​ရှည်​သည်း​ခံ​ကြ​လော့။ ခြံ​သ​မား​သည် မြေ​မှ​အ​ဖိုး​တန်​သည့်​အ​သီး​အ​နှံ​ကို မိုး​ဦး​နှင့်​မိုး​နှောင်း​ရွာ​သည်​အ​ထိ စိတ်​ရှည်​စွာ​စောင့်​တတ်​၏။

8 သင်​တို့​သည်​လည်း စိတ်​ရှည်​သည်း​ခံ​ကြ​လော့။ သင်​တို့​၏​စိတ်​နှ​လုံး​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​ကြ​လော့။ အ​ကြောင်း​မူ​ကား သ​ခင်​ဘု​ရား​၏​ကြွ​လာ​တော်​မူ​ခြင်း​သည် နီး​ကပ်​လာ​ပြီ​ဖြစ်​၏။

9 ညီ​အစ်​ကို​တို့၊ စီ​ရင်​ခြင်း​မ​ခံ​ရ​မည့်​အ​ကြောင်း တစ်​ဦး​အ​ပေါ်​တစ်​ဦး ပြစ်​တင်​ညည်း​ညူ​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ကြည့်​ကြ​လော့။ တ​ရား​စီ​ရင်​သော​အ​ရှင်​သည် တံ​ခါး​ရှေ့​၌​ရပ်​နေ​တော်​မူ​ပြီ။

10 ညီ​အစ်​ကို​တို့၊ ဆင်း​ရဲ​ဒုက္ခ​ခံ​ခြင်း​နှင့်​စိတ်​ရှည်​ခြင်း​တို့​နှင့်​ပတ်​သက်​၍ သ​ခင်​ဘု​ရား​၏​နာ​မ​တော်​အား​ဖြင့် ဟော​ပြော​သော​ပ​ရော​ဖက်​တို့​ကို စံ​န​မူ​နာ​ယူ​ကြ​လော့။

11 သည်း​ခံ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​၏​ဟု ငါ​တို့​ယူ​ဆ​ကြ​၏။ ယော​ဘ​၏​သည်း​ခံ​ခြင်း​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ နောက်​ဆုံး​တွင် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​အား​ဖြင့် ကိုယ်​တော်​သည် အ​လွန်​ကြင်​နာ​တတ်​၍ က​ရု​ဏာ​နှင့်​ပြည့်​စုံ​တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း​ကို​လည်း သင်​တို့​တွေ့​မြင်​ရ​ကြ​၏။

12 ငါ့​ညီ​အစ်​ကို​တို့၊ အ​ထူး​သ​ဖြင့် တိုင်​တည်​ပြော​ဆို​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ကောင်း​ကင်​ကို​ဖြစ်​စေ၊ မြေ​ကြီး​ကို​ဖြစ်​စေ၊ အ​ခြား​က​တိ​သစ္စာ​တစ်​စုံ​တစ်​ခု​ကို​ပြု​လျက်​ဖြစ်​စေ တိုင်​တည်​၍​မ​ပြော​ဆို​ကြ​နှင့်။ သင်​တို့​သည် ဟုတ်​သည်​ကို ‘ဟုတ်​ပါ​သည်’ မ​ဟုတ်​သည်​ကို ‘မ​ဟုတ်​ပါ’​ဟူ​၍​သာ ပြော​ဆို​ကြ​လော့။ သို့​မ​ဟုတ်​လျှင် တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

13 သင်​တို့​တွင် ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သူ​ရှိ​လျှင် သူ​သည် ဆု​တောင်း​စေ။ ဝမ်း​မြောက်​ရွှင်​လန်း​သော​သူ​ရှိ​လျှင် သူ​သည် ချီး​မွမ်း​သီ​ချင်း​ကို​သီ​ဆို​စေ။