ဧ​ဖက်​ဩ​ဝါ​ဒ​စာ 1:14-20 MSB

14 ထို​ဝိ​ညာဉ်​တော်​သည် ပိုင်​ဆိုင်​တော်​မူ​သော​သူ​တို့​ရွေး​နုတ်​ခြင်း​ခံ​ရ​သည်​အ​ထိ ငါ​တို့​၏​အ​မွေ​အ​တွက် စ​ရန်​ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​ရန်​အ​တွက်​လည်း​ဖြစ်​၏။

15 ထို့​ကြောင့် ငါ​သည်​လည်း သ​ခင်​ယေ​ရှု​အ​ပေါ်​၌​ရှိ​သော သင်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့် သန့်​ရှင်း​သူ​အ​ပေါင်း​တို့​အ​ပေါ်​ထား​ရှိ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​အ​ကြောင်း​ကို ကြား​သိ​သ​ဖြင့်

16 သင်​တို့​အ​တွက် အ​စဉ်​မ​ပြတ်​ကျေး​ဇူး​တော်​ချီး​မွမ်း​လျက် ငါ​၏​ဆု​တောင်း​ချက်​များ​၌ သင်​တို့​ကို​သ​တိ​ရ​ကာ

17 ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ဘု​ရား​သ​ခင်​တည်း​ဟူ​သော ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​တော်​မူ​သည့်​ခ​မည်း​တော်​သည် မိ​မိ​ကို​သိ​ရှိ​စေ​ရန် ဉာဏ်​ပ​ညာ​နှင့်​ဗျာ​ဒိတ်​တော်​ဆိုင်​ရာ​ဝိ​ညာဉ်​ကို သင်​တို့​အား ပေး​တော်​မူ​မည့်​အ​ကြောင်း​နှင့်

18 ဘု​ရား​သ​ခင်​သည် သင်​တို့​၏​စိတ်​နှ​လုံး​မျက်​စိ​ကို ပွင့်​လင်း​စေ​၍ ခေါ်​ယူ​တော်​မူ​ခြင်း​နှင့်​ဆိုင်​သော မျှော်​လင့်​ခြင်း​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​ခံ​ရ​မည့်​အ​မွေ​တော်​သည် ဘုန်း​အ​သ​ရေ​နှင့် မည်​မျှ​ကြွယ်​ဝ​သည်​ကို​လည်း​ကောင်း၊

19 ကိုယ်​တော်​၏​အ​စွမ်း​သတ္တိ​နှင့်​တန်​ခိုး​အ​ရှိန်​အ​ဝါ​တို့​၏​လုပ်​ဆောင်​မှု​အား​ဖြင့် ယုံ​ကြည်​သော​ငါ​တို့​အ​ပေါ်​သက်​ရောက်​သည့် ကိုယ်​တော်​၏​တန်​ခိုး​သည် မည်​မျှ​ထူး​ကဲ​ကြီး​မား​သည်​ကို​လည်း​ကောင်း သင်​တို့​အား​သိ​စေ​မည့်​အ​ကြောင်း တောင်း​လျှောက်​၏။

20 ဘု​ရား​သ​ခင်​သည် ထို​အ​စွမ်း​သတ္တိ​နှင့်​တန်​ခိုး​အ​ရှိန်​အ​ဝါ​တို့​ကို ခ​ရစ်​တော်​ထဲ​၌ သက်​ဝင်​လှုပ်​ရှား​စေ​တော်​မူ​၍ ခ​ရစ်​တော်​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​ကာ