ဧ​ဖက်​ဩ​ဝါ​ဒ​စာ 1:17-23 MSB

17 ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ဘု​ရား​သ​ခင်​တည်း​ဟူ​သော ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​တော်​မူ​သည့်​ခ​မည်း​တော်​သည် မိ​မိ​ကို​သိ​ရှိ​စေ​ရန် ဉာဏ်​ပ​ညာ​နှင့်​ဗျာ​ဒိတ်​တော်​ဆိုင်​ရာ​ဝိ​ညာဉ်​ကို သင်​တို့​အား ပေး​တော်​မူ​မည့်​အ​ကြောင်း​နှင့်

18 ဘု​ရား​သ​ခင်​သည် သင်​တို့​၏​စိတ်​နှ​လုံး​မျက်​စိ​ကို ပွင့်​လင်း​စေ​၍ ခေါ်​ယူ​တော်​မူ​ခြင်း​နှင့်​ဆိုင်​သော မျှော်​လင့်​ခြင်း​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​ခံ​ရ​မည့်​အ​မွေ​တော်​သည် ဘုန်း​အ​သ​ရေ​နှင့် မည်​မျှ​ကြွယ်​ဝ​သည်​ကို​လည်း​ကောင်း၊

19 ကိုယ်​တော်​၏​အ​စွမ်း​သတ္တိ​နှင့်​တန်​ခိုး​အ​ရှိန်​အ​ဝါ​တို့​၏​လုပ်​ဆောင်​မှု​အား​ဖြင့် ယုံ​ကြည်​သော​ငါ​တို့​အ​ပေါ်​သက်​ရောက်​သည့် ကိုယ်​တော်​၏​တန်​ခိုး​သည် မည်​မျှ​ထူး​ကဲ​ကြီး​မား​သည်​ကို​လည်း​ကောင်း သင်​တို့​အား​သိ​စေ​မည့်​အ​ကြောင်း တောင်း​လျှောက်​၏။

20 ဘု​ရား​သ​ခင်​သည် ထို​အ​စွမ်း​သတ္တိ​နှင့်​တန်​ခိုး​အ​ရှိန်​အ​ဝါ​တို့​ကို ခ​ရစ်​တော်​ထဲ​၌ သက်​ဝင်​လှုပ်​ရှား​စေ​တော်​မူ​၍ ခ​ရစ်​တော်​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​ကာ

21 ခပ်​သိမ်း​သော အုပ်​ချုပ်​မှု၊ အာ​ဏာ​စက်၊ တန်​ခိုး၊ စိုး​ပိုင်​ခွင့်​နှင့် မျက်​မှောက်​ကာ​လ​၌​သာ​မ​က တ​မ​လွန်​ကာ​လ​၌​လည်း ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ခံ​ရ​သည့် ဘွဲ့​နာ​မ​ရှိ​သ​မျှ​တို့​၏​အ​ပေါ် အ​ထက်​ကောင်း​ကင်​အ​ရပ်​၌ မိ​မိ​၏​လက်​ယာ​တော်​ဘက်​တွင် ထိုင်​စေ​တော်​မူ​၏။

22 အ​ရာ​ခပ်​သိမ်း​တို့​ကို​လည်း ခ​ရစ်​တော်​၏​ခြေ​တော်​အောက်​၌ ချ​ထား​၍ ကိုယ်​တော်​ကို အ​ရာ​ခပ်​သိမ်း​တို့​အ​ပေါ် ဦး​ခေါင်း​ဖြစ်​စေ​ပြီး အ​သင်း​တော်​အား​ပေး​တော်​မူ​၏။

23 ထို​အ​သင်း​တော်​သည် အ​လုံး​စုံ​တို့​ကို အ​လုံး​စုံ​တို့​၌ ပြည့်​စုံ​စေ​တော်​မူ​သော​အ​ရှင်​၏​ပြည့်​စုံ​ခြင်း​တည်း​ဟူ​သော ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​တော်​ဖြစ်​၏။