ဧ​ဖက်​ဩ​ဝါ​ဒ​စာ 2:15-21 MSB

15 စည်း​မျဉ်း​များ​ပါ​သည့် ပ​ညတ်​ချက်​တို့​နှင့်​ဆိုင်​သော​ပ​ညတ်​တ​ရား​ကို မိ​မိ​ကိုယ်​ခန္ဓာ​တော်​အား​ဖြင့် ပယ်​ဖျက်​တော်​မူ​၏။ ဤ​သည်​ကား လူ​နှစ်​မျိုး​ကို မိ​မိ​၌ တစ်​မျိုး​တည်း​သော​လူ​သစ်​အ​ဖြစ် ဖန်​ဆင်း​လျက် သင့်​မြတ်​ငြိမ်း​ချမ်း​ခြင်း​ကို​ဖြစ်​စေ​ကာ

16 လက်​ဝါး​ကပ်​တိုင်​တွင် ရန်​ငြိုး​ကို​သုတ်​သင်​ပြီး လက်​ဝါး​ကပ်​တိုင်​အား​ဖြင့် ငါ​တို့​နှစ်​မျိုး​စ​လုံး​ကို ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​၌ ဘု​ရား​သ​ခင်​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​ရန်​ဖြစ်​၏။

17 ထို့​နောက် ကိုယ်​တော်​သည် ကြွ​လာ​တော်​မူ​၍ အ​ဝေး​၌​ရှိ​သော​သင်​တို့​ကို​လည်း​ကောင်း၊ အ​နီး​၌​ရှိ​သော​သူ​တို့​ကို​လည်း​ကောင်း သင့်​မြတ်​ငြိမ်း​ချမ်း​ခြင်း​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​တော်​မူ​၏။

18 ဤ​သို့​ဖြင့် ငါ​တို့​နှစ်​မျိုး​စ​လုံး​သည် ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​၌ ခ​မည်း​တော်​ထံ​သို့​တိုး​ဝင်​ခွင့်​ကို ကိုယ်​တော်​အား​ဖြင့်​ရ​ရှိ​ကြ​၏။

19 ထို့​ကြောင့် သင်​တို့​သည် လူ​မျိုး​ခြား​များ​နှင့်​သူ​စိမ်း​ဧည့်​သည်​များ​မ​ဟုတ်​တော့​ဘဲ သန့်​ရှင်း​သူ​တို့​နှင့်​တစ်​မျိုး​သား​တည်း​ဖြစ်​ကြ​ပြီး ဘု​ရား​သ​ခင်​၏​အိမ်​သူ​အိမ်​သား​များ​ဖြစ်​ကြ​၏။

20 သင်​တို့​သည် တ​မန်​တော်​များ​နှင့်​ပ​ရော​ဖက်​များ​၏​အုတ်​မြစ်​ပေါ်​တွင် တည်​ဆောက်​ခြင်း​ခံ​ရ​ကြ​၍ ခ​ရစ်​တော်​ယေ​ရှု​ကိုယ်​တော်​တိုင် ထောင့်​ချုပ်​ကျောက်​ဖြစ်​တော်​မူ​၏။

21 ထို​ထောင့်​ချုပ်​ကျောက်​အား​ဖြင့် အ​ဆောက်​အ​အုံ​တစ်​ခု​လုံး​သည် အံ​ဝင်​ခွင်​ကျ​ဆက်​စပ်​လျက် သ​ခင်​ဘု​ရား​၌ သန့်​ရှင်း​သော​ဗိ​မာန်​တော်​အ​ဖြစ်​သို့ တိုး​ပွား​လေ​၏။