ဧ​ဖက်​ဩ​ဝါ​ဒ​စာ 2:2-8 MSB

2 အာ​ကာ​သ​နှင့်​ဆိုင်​သော​အာ​ဏာ​စက်​ကို စွဲ​ကိုင်​အုပ်​ချုပ်​သူ​တည်း​ဟူ​သော နာ​ခံ​မှု​မ​ရှိ​သော​သူ​တို့​ထဲ​၌ ယ​ခု​အ​လုပ်​လုပ်​နေ​သည့် ဝိ​ညာဉ်​အ​လို​အ​တိုင်း ဤ​လော​က​၏​လမ်း​စဉ်​နှင့်​အ​ညီ ထို​အ​ပြစ်​များ​တွင် အ​သက်​ရှင်​လျှောက်​လှမ်း​ခဲ့​ကြ​၏။

3 ငါ​တို့​အား​လုံး​သည်​လည်း တစ်​ချိန်​က ထို​သူ​တို့​ထဲ​တွင်​ပါ​လျက် မိ​မိ​တို့​သွေး​သား​ဇာ​တိ​၏​တပ်​မက်​ခြင်း​များ​ထဲ​၌ အ​သက်​ရှင်​နေ​ထိုင်​ခဲ့​ပြီး ကိုယ်​ကာ​ယ​နှင့်​စိတ်​နှ​လုံး​တို့​၏​အ​လို​အ​တိုင်း​ပြု​၍ အ​ခြား​သော​သူ​တို့​ကဲ့​သို့​ပင် သ​ဘာ​ဝ​အ​လျောက် အ​မျက်​တော်​ခံ​ထိုက်​သော​သူ​များ​ဖြစ်​ကြ​၏။

4 သို့​သော် က​ရု​ဏာ​တော်​နှင့်​ကြွယ်​ဝ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်​တော်​မူ​သည့် ကြီး​မား​သော​မေတ္တာ​တော်​အား​ဖြင့်

5 ကျူး​လွန်​သော​အ​ပြစ်​များ​၌ သေ​နေ​သော​ငါ​တို့​ကို ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​စေ​တော်​မူ​၏။ (သင်​တို့​သည် ကျေး​ဇူး​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​ခံ​ရ​ကြ​၏။)

6 ထို့​နောက် ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို ကိုယ်​တော်​နှင့်​အ​တူ​ထ​မြောက်​စေ​၍ အ​ထက်​ကောင်း​ကင်​အ​ရပ်​၌ ကိုယ်​တော်​နှင့်​အ​တူ​ထိုင်​စေ​တော်​မူ​၏။

7 ဤ​သည်​ကား ခ​ရစ်​တော်​ယေ​ရှု​၌ ငါ​တို့​အား​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​အား​ဖြင့် မိ​မိ​၏​ထူး​ကဲ​သော​ကျေး​ဇူး​တော်​၏​ကြွယ်​ဝ​မှု​ကို နောင်​လာ​မည့်​ကာ​လ​အ​စဉ်​အ​ဆက်​တို့​၌ ပြ​သ​ရန်​အ​တွက်​ဖြစ်​၏။

8 အ​ကြောင်း​မူ​ကား သင်​တို့​သည် ကျေး​ဇူး​တော်​ကြောင့် ယုံ​ကြည်​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ခံ​ရ​ကြ​၏။ ၎င်း​သည် သင်​တို့​ကိုယ်​တိုင်​ကြောင့်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​လက်​ဆောင်​ဖြစ်​၏။