ဧ​ဖက်​ဩ​ဝါ​ဒ​စာ 3:5-12 MSB

5 ဘု​ရား​သ​ခင်​သည် ထို​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို မိ​မိ​၏​သန့်​ရှင်း​သော​တ​မန်​တော်​များ​နှင့်​ပ​ရော​ဖက်​များ​အား ဝိ​ညာဉ်​တော်​အား​ဖြင့် ယ​ခု​ဖွင့်​ပြ​တော်​မူ​သ​ကဲ့​သို့ အ​ခြား​သော​ခေတ်​ကာ​လ​များ​၌ လူ​သား​တို့​အား သိ​စေ​တော်​မ​မူ​ခဲ့​ပေ။

6 ထို​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​မှာ လူ​မျိုး​ခြား​တို့​သည် ကောင်း​မြတ်​သော​သ​တင်း​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​၌ အ​တူ​တ​ကွ​အ​မွေ​ဆက်​ခံ​သူ​များ၊ တစ်​ခု​တည်း​သော​ကိုယ်​ခန္ဓာ​၏​အင်္ဂါ​များ​နှင့် က​တိ​တော်​ကို အ​တူ​တ​ကွ​ခံ​စား​ရ​သူ​များ​ဖြစ်​ကြ​ခြင်း​တို့​ဖြစ်​၏။

7 ဘု​ရား​သ​ခင်​သည် မိ​မိ​တန်​ခိုး​တော်​၏​လုပ်​ဆောင်​မှု​အား​ဖြင့် ငါ့​အား​ပေး​အပ်​ထား​သော ကျေး​ဇူး​တော်​ဆိုင်​ရာ ကောင်း​ချီး​လက်​ဆောင်​နှင့်​အ​ညီ ငါ​သည် ထို​ကောင်း​မြတ်​သော​သ​တင်း​နှင့်​ဆိုင်​သော အ​မှု​တော်​ဆောင်​ဖြစ်​လာ​၏။

8 သန့်​ရှင်း​သူ​အား​လုံး​တို့​တွင် အ​ငယ်​ဆုံး​သော​သူ​ထက် သာ​၍​ငယ်​သော​ငါ့​အား ဤ​ကျေး​ဇူး​တော်​ကို​ပေး​အပ်​တော်​မူ​ခြင်း​မှာ ချင့်​မျှော်​တွေး​ဆ​၍​မ​ရ​နိုင်​သော ခ​ရစ်​တော်​၏​ကြွယ်​ဝ​မှု​ကို လူ​မျိုး​ခြား​တို့​အား​ဟော​ပြော​စေ​ရန်​နှင့်

9 အ​ရာ​ခပ်​သိမ်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​၌ ရှေး​ကာ​လ​များ​မှ​စ​၍ ဝှက်​ထား​ခြင်း​ခံ​ရ​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​နှင့်​ဆိုင်​သော စီ​မံ​ခန့်​ခွဲ​မှု​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​တွင် သိ​သာ​ထင်​ရှား​စေ​ရန်​ဖြစ်​၏။

10-11 ဤ​သည်​ကား ငါ​တို့​၏​သ​ခင်​ခ​ရစ်​တော်​ယေ​ရှု​၌ ပြီး​ပြည့်​စုံ​သော​ထာ​ဝ​ရ​အ​ကြံ​အ​စည်​တော်​နှင့်​အ​ညီ အ​ထက်​ကောင်း​ကင်​အ​ရပ်​၌​ရှိ​သော အာ​ဏာ​စက်​များ​နှင့်​အုပ်​ချုပ်​မှု​များ​အား ယ​ခု​အ​ခါ​တွင် အ​သင်း​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​၏​အ​မျိုး​မျိုး​အ​ဖုံ​ဖုံ​သော​ဉာဏ်​ပ​ညာ​တော်​ကို သိ​စေ​ရန်​ဖြစ်​၏။

12 ထို​သ​ခင်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ရဲ​ရင့်​ခြင်း​ကို​လည်း​ကောင်း၊ ယုံ​ကြည်​စိတ်​ချ​စွာ​ဖြင့် အ​ထံ​တော်​သို့​တိုး​ဝင်​ခွင့်​ကို​လည်း​ကောင်း ကိုယ်​တော်​၌ ငါ​တို့​ရ​ရှိ​ကြ​၏။