ဧ​ဖက်​ဩ​ဝါ​ဒ​စာ 4:15-22 MSB

15 ချစ်​ခြင်း​မေတ္တာ​ဖြင့် သမ္မာ​တ​ရား​ကို​ဟော​ပြော​လျက် ဦး​ခေါင်း​ဖြစ်​တော်​မူ​သော​ခ​ရစ်​တော်​၌ အ​ရာ​ရာ​တွင် ကြီး​ထွား​ကြ​မည်​ဖြစ်​၏။

16 ထို​ဦး​ခေါင်း​မှ​တစ်​ဆင့် ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် ထောက်​မ​ပေး​သော​အ​ဆစ်​ရှိ​သ​မျှ​တို့​ဖြင့် အံ​ဝင်​ခွင်​ကျ​ဆက်​စပ်​ခြင်း​နှင့် ပေါင်း​စည်း​ခြင်း​ကို​ခံ​ရ​လျက် အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​စီ​သည် မိ​မိ​အ​ငန်း​အ​တာ​အ​လိုက် လုပ်​ဆောင်​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို ချစ်​ခြင်း​မေတ္တာ​၌​တည်​ဆောက်​ကာ ကိုယ်​ခန္ဓာ​ကို​ကြီး​ထွား​စေ​၏။

17 ထို့​ကြောင့် လူ​မျိုး​ခြား​တို့​သည် သူ​တို့​၏​အ​နှစ်​သာ​ရ​ကင်း​မဲ့​သော​စိတ်​အား​ဖြင့် အ​သက်​ရှင်​လျှောက်​လှမ်း​သ​ကဲ့​သို့ သင်​တို့​သည် နောက်​ထပ် အ​သက်​ရှင်​လျှောက်​လှမ်း​ခြင်း​မ​ရှိ​ကြ​ရန် သ​ခင်​ဘု​ရား​၌ ငါ​သ​တိ​ပေး​လို​၏။

18 ထို​သူ​တို့​သည် မိ​မိ​တို့​စိတ်​နှ​လုံး​မာ​ကျော​မှု​နှင့် သူ​တို့​ထဲ​၌​ရှိ​သည့် မ​သိ​နား​မ​လည်​မှု​တို့​ကြောင့် အ​သိ​ဉာဏ်​အ​မှောင်​ဖုံး​၍ ဘု​ရား​သ​ခင်​၏​အ​သက်​နှင့်​ကင်း​ကွာ​လျက်​ရှိ​ကြ​၏။

19 သူ​တို့​သည် ရှက်​ကြောက်​စိတ်​ကင်း​မဲ့​လျက် ညစ်​ညူး​သော​အ​ရာ​အ​မျိုး​မျိုး​တို့​ကို အ​လွန်​တပ်​မက်​သော​စိတ်​နှင့်​ပြု​မူ​၍ မိ​မိ​တို့​ကိုယ်​ကို ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​လက်​သို့ အပ်​လိုက်​ကြ​၏။

20-21 သို့​သော် သမ္မာ​တ​ရား​သည် ယေ​ရှု​၌​ရှိ​သည်​နှင့်​အ​ညီ သင်​တို့​သည် ခ​ရစ်​တော်​အ​ကြောင်း​ကို​ကြား​နာ​လျက် ကိုယ်​တော်​၌ သွန်​သင်​ခြင်း​ကို​ခံ​ယူ​ခဲ့​သည်​မှန်​လျှင် ခ​ရစ်​တော်​၌ ထို​သို့​နည်း​ခံ​ခဲ့​ကြ​သည်​မ​ဟုတ်။

22 သင်​တို့​သည် လှည့်​ဖြား​တတ်​သော​တပ်​မက်​ခြင်း​များ​ကြောင့် ပျက်​စီး​ခြင်း​သို့​ရောက်​မည့် သင်​တို့​၏​လူ​ဟောင်း​တည်း​ဟူ​သော ယ​ခင်​က အ​သက်​ရှင်​နေ​ထိုင်​မှု​ကို ချွတ်​ပယ်​၍