ဧ​ဖက်​ဩ​ဝါ​ဒ​စာ 4:18-25 MSB

18 ထို​သူ​တို့​သည် မိ​မိ​တို့​စိတ်​နှ​လုံး​မာ​ကျော​မှု​နှင့် သူ​တို့​ထဲ​၌​ရှိ​သည့် မ​သိ​နား​မ​လည်​မှု​တို့​ကြောင့် အ​သိ​ဉာဏ်​အ​မှောင်​ဖုံး​၍ ဘု​ရား​သ​ခင်​၏​အ​သက်​နှင့်​ကင်း​ကွာ​လျက်​ရှိ​ကြ​၏။

19 သူ​တို့​သည် ရှက်​ကြောက်​စိတ်​ကင်း​မဲ့​လျက် ညစ်​ညူး​သော​အ​ရာ​အ​မျိုး​မျိုး​တို့​ကို အ​လွန်​တပ်​မက်​သော​စိတ်​နှင့်​ပြု​မူ​၍ မိ​မိ​တို့​ကိုယ်​ကို ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​လက်​သို့ အပ်​လိုက်​ကြ​၏။

20-21 သို့​သော် သမ္မာ​တ​ရား​သည် ယေ​ရှု​၌​ရှိ​သည်​နှင့်​အ​ညီ သင်​တို့​သည် ခ​ရစ်​တော်​အ​ကြောင်း​ကို​ကြား​နာ​လျက် ကိုယ်​တော်​၌ သွန်​သင်​ခြင်း​ကို​ခံ​ယူ​ခဲ့​သည်​မှန်​လျှင် ခ​ရစ်​တော်​၌ ထို​သို့​နည်း​ခံ​ခဲ့​ကြ​သည်​မ​ဟုတ်။

22 သင်​တို့​သည် လှည့်​ဖြား​တတ်​သော​တပ်​မက်​ခြင်း​များ​ကြောင့် ပျက်​စီး​ခြင်း​သို့​ရောက်​မည့် သင်​တို့​၏​လူ​ဟောင်း​တည်း​ဟူ​သော ယ​ခင်​က အ​သက်​ရှင်​နေ​ထိုင်​မှု​ကို ချွတ်​ပယ်​၍

23 သင်​တို့​၏​စိတ်​နှ​လုံး​သ​ဘော အ​သစ်​ပြု​ပြင်​ခြင်း​ခံ​ရ​ကာ

24 သမ္မာ​တ​ရား​နှင့်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​နှင့်​သန့်​ရှင်း​ခြင်း​တို့​ဖြင့် ဘု​ရား​သ​ခင်​၏​သဏ္ဌာန်​တော်​နှင့်​အ​ညီ ဖန်​ဆင်း​ခြင်း​ခံ​ရ​သော​လူ​သစ်​ကို​ဝတ်​ဆင်​ရန် နည်း​ခံ​ခဲ့​ကြ​၏။

25 ထို့​ကြောင့် မု​သား​စ​ကား​ကို​ဖယ်​ရှား​၍ သင်​တို့​တစ်​ဦး​စီ​သည် မိ​မိ​ဝန်း​ကျင်​၌​ရှိ​သော​သူ​အား မှန်​သော​စ​ကား​ကို​ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား ငါ​တို့​သည် တစ်​ဦး​နှင့်​တစ်​ဦး ကိုယ်အင်္ဂါ​ချင်း​များ​ဖြစ်​ကြ​၏။