ဧ​ဖက်​ဩ​ဝါ​ဒ​စာ 4:25-31 MSB

25 ထို့​ကြောင့် မု​သား​စ​ကား​ကို​ဖယ်​ရှား​၍ သင်​တို့​တစ်​ဦး​စီ​သည် မိ​မိ​ဝန်း​ကျင်​၌​ရှိ​သော​သူ​အား မှန်​သော​စ​ကား​ကို​ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား ငါ​တို့​သည် တစ်​ဦး​နှင့်​တစ်​ဦး ကိုယ်အင်္ဂါ​ချင်း​များ​ဖြစ်​ကြ​၏။

26 အ​မျက်​ထွက်​သော်​လည်း အ​ပြစ်​မ​ပြု​ကြ​နှင့်။ အ​မျက်​မ​ပြေ​ဘဲ နေ​မ​ဝင်​စေ​ကြ​နှင့်။

27 မာရ်​နတ်​ကို​လည်း အ​ခွင့်​မ​ပေး​ကြ​နှင့်။

28 ခိုး​တတ်​သော​သူ​သည် နောက်​ထပ် မ​ခိုး​ဘဲ လို​အပ်​သော​သူ​အား ဝေ​မျှ​စ​ရာ​ရှိ​စေ​ရန် မိ​မိ​လက်​ဖြင့် ကောင်း​သော​အ​လုပ်​ကို အား​ထုတ်​လုပ်​ဆောင်​စေ။

29 သင်​တို့​၏​နှုတ်​ထဲ​မှ မ​ကောင်း​သော​စ​ကား​တစ်​ခွန်း​ကို​မျှ မ​ထွက်​စေ​နှင့်။ ကြား​ရ​သော​သူ​တို့​ကို ကျေး​ဇူး​ပြု​နိုင်​ရန် လို​အပ်​ချက်​နှင့်​အ​ညီ တည်​ဆောက်​စ​ရာ​ဖြစ်​စေ​သည့် ကောင်း​သော​စ​ကား​တို့​ကို​သာ ပြော​ဆို​ကြ​လော့။

30 ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ဝမ်း​မ​နည်း​စေ​ကြ​နှင့်။ သင်​တို့​သည် ရွေး​နုတ်​ခြင်း​နေ့​ရက်​အ​တွက် ထို​ဝိ​ညာဉ်​တော်​ဖြင့် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ကို​ခံ​ရ​ကြ​၏။

31 ခပ်​သိမ်း​သော​ခါး​သီး​နာ​ကြည်း​ခြင်း၊ ဒေါ​သ​ကြီး​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ အော်​ဟစ်​ငေါက်​ငမ်း​ခြင်း​နှင့် စော်​ကား​ပြော​ဆို​ခြင်း​တို့​ကို မ​ကောင်း​မှု​အ​လုံး​စုံ​နှင့်​အ​တူ သင်​တို့​ထံ​မှ ဖယ်​ရှား​ကြ​လော့။