ဧ​ဖက်​ဩ​ဝါ​ဒ​စာ 4:4-10 MSB

4 သင်​တို့​ကို​ခေါ်​ယူ​တော်​မူ​သော​အ​ခါ တစ်​ပါး​တည်း​သော​မျှော်​လင့်​ခြင်း​သို့ ခေါ်​ယူ​တော်​မူ​သ​ကဲ့​သို့ ကိုယ်​ခန္ဓာ​တစ်​ပါး​တည်း၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ရှိ​၏။

5 သ​ခင်​တစ်​ပါး​တည်း၊ ယုံ​ကြည်​ခြင်း​တစ်​ပါး​တည်း၊ ဗတ္တိ​ဇံ​တစ်​ပါး​တည်း​ရှိ​၏။

6 အ​ရာ​ခပ်​သိမ်း​တို့​အ​ပေါ်​၌​လည်း​ကောင်း၊ အ​ရာ​ခပ်​သိမ်း​တို့​၌​ပျံ့​နှံ့​လျက်​လည်း​ကောင်း၊ အ​ရာ​ခပ်​သိမ်း​တို့​အ​ထဲ​၌​လည်း​ကောင်း ရှိ​တော်​မူ​၍ အ​ရာ​ခပ်​သိမ်း​တို့​၏​အ​ဖ​ဖြစ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် တစ်​ဆူ​တည်း​ရှိ​တော်​မူ​၏။

7 သို့​သော် ငါ​တို့​တစ်​ဦး​စီ​သည် ခ​ရစ်​တော်​ပေး​တော်​မူ​သော ကောင်း​ချီး​လက်​ဆောင်​၏​ပ​မာ​ဏ​အ​တိုင်း ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ​၏။

8 ထို့​ကြောင့် “ကိုယ်​တော်​သည် မြင့်​သော​အ​ရပ်​သို့ တက်​သွား​တော်​မူ​သော​အ​ခါ ချုပ်​နှောင်​ထား​သော​သူ​ကို ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​၍ လူ​တို့​အား လက်​ဆောင်​များ​ကို​ပေး​တော်​မူ​၏”​ဟု ကျမ်း​စာ​၌​ဆို​ထား​၏။

9 (တက်​သွား​တော်​မူ​သော​အ​ခါ​ဟု​ဆို​ရာ​တွင် မြေ​ကြီး​အောက်​အ​ရပ်​များ​သို့​လည်း ကြွ​ဆင်း​တော်​မူ​ခဲ့​ကြောင်း​ကို ဆို​လို​ခြင်း​မ​ဟုတ်​လျှင် မည်​သည့်​အ​ရာ​ဖြစ်​ဦး​မည်​နည်း။

10 ကြွ​ဆင်း​တော်​မူ​ခဲ့​သော​အ​ရှင်​ကိုယ်​တိုင်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို ပြည့်​စုံ​စေ​ရန် ကောင်း​ကင်​အ​ထပ်​ထပ်​တို့​အ​ပေါ်​သို့ တက်​သွား​တော်​မူ​သော​အ​ရှင်​လည်း ဖြစ်​တော်​မူ​၏။)