ဧ​ဖက်​ဩ​ဝါ​ဒ​စာ 5:18-24 MSB

18 အ​ပျော်​ကြူး​ခြင်း​ကို​ဖြစ်​စေ​သည့် စ​ပျစ်​ဝိုင်​ယစ်​မူး​ခြင်း​မ​ရှိ​ဘဲ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​ကြ​လော့။

19 ဆာ​လံ​သီ​ချင်း​များ၊ ဓမ္မ​သီ​ချင်း​များ​နှင့် ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​သီ​ချင်း​များ​ကို အ​ချင်း​ချင်း​မြွက်​ဆို​လျက် သ​ခင်​ဘု​ရား​ထံ​သို့ သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​မှ သီ​ဆို​ကျူး​ဧ​ကြ​လော့။

20 အ​ရာ​ခပ်​သိမ်း​တို့​အ​တွက် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​၌ ခ​မည်း​တော်​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို အ​စဉ်​ကျေး​ဇူး​တင်​ကြ​လော့။

21 ခ​ရစ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​ဖြင့် အ​ချင်း​ချင်း​နာ​ခံ​ကြ​လော့။

22 ဇ​နီး​သည်​တို့၊ သ​ခင်​ဘု​ရား​ကို​နာ​ခံ​သ​ကဲ့​သို့ မိ​မိ​၏​ခင်​ပွန်း​သည်​ကို နာ​ခံ​ကြ​လော့။

23 အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​သည် အ​သင်း​တော်​တည်း​ဟူ​သော​ကိုယ်​ခန္ဓာ​တော်​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​ပြီး ထို​အ​သင်း​တော်​၏​ဦး​ခေါင်း​ဖြစ်​တော်​မူ​သ​ကဲ့​သို့ ခင်​ပွန်း​သည်​သည်​လည်း ဇ​နီး​သည်​၏​ဦး​ခေါင်း​ဖြစ်​၏။

24 အ​သင်း​တော်​သည် ခ​ရစ်​တော်​ကို​နာ​ခံ​သ​ကဲ့​သို့ ဇ​နီး​သည်​တို့​သည်​လည်း အ​ရာ​ရာ​၌ ခင်​ပွန်း​သည်​ကို​နာ​ခံ​ကြ​ရ​မည်။