ဧ​ဖက်​ဩ​ဝါ​ဒ​စာ 6:21-24 MSB

21 ငါ​၌​ဖြစ်​နေ​သော​အ​ရာ​များ​နှင့် ငါ​ပြု​နေ​သည့်​အ​မှု​ကို သင်​တို့​လည်း​သိ​ရှိ​နိုင်​ရန် သ​ခင်​ဘု​ရား​၌​သစ္စာ​ရှိ​သော​အ​မှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ တု​ခိတ်​သည် အ​လုံး​စုံ​တို့​ကို သင်​တို့​အား ပြော​ပြ​လိမ့်​မည်။

22 သူ့​ကို သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​ခြင်း​မှာ ငါ​တို့​နှင့်​ပတ်​သက်​သော​အ​ရာ​များ​ကို သင်​တို့​သိ​ရှိ​နိုင်​ရန်​နှင့် သူ​သည် သင်​တို့​၏​စိတ်​နှ​လုံး​ကို အား​ပေး​နိုင်​ရန်​ဖြစ်​၏။

23 အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ထံ​မှ ငြိမ်​သက်​ခြင်း၊ ယုံ​ကြည်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ​တို့​သည် ညီ​အစ်​ကို​တို့​၌ တည်​ရှိ​ပါ​စေ​သော။

24 ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကို မ​ဖောက်​ပြန်​သော​မေတ္တာ​ဖြင့် ချစ်​သော​သူ​အ​ပေါင်း​တို့​အ​ပေါ်​၌ ကျေး​ဇူး​တော်​သက်​ရောက်​ပါ​စေ​သော။