6 လစဉ်လဆန်းတစ်ရက်နေ့တွင်ပူဇော်သည့် မီးရှို့ရာသကာ၊ ၎င်းနှင့်တွဲဖက်သောဘောဇဉ် သကာ၊ နေ့စဉ်မီးရှို့ရာသကာနှင့်၎င်းနှင့်တွဲဖက် သောဘောဇဉ်သကာ၊ စပျစ်ရည်သကာအပြင် ဤသကာများကိုပူဇော်ရမည်။ ဤပူဇော် သကာတို့၏ရနံ့ကိုထာဝရဘုရားနှစ် သက်တော်မူ၏။
7 သင်တို့သည်သတ္တမလတစ်ဆယ့်လေးရက် နေ့တွင် စုဝေးဝတ်ပြုရမည်။ ထိုနေ့၌အစား အစာမစားရ၊ အလုပ်မလုပ်ရ။-
8 အပြစ်အနာကင်းသောနွားထီးတစ်ကောင်၊ သိုး ထီးတစ်ကောင်နှင့်တစ်နှစ်သားအရွယ်သိုးထီး ခုနစ်ကောင်ကို ထာဝရဘုရားနှစ်သက်ဖွယ် ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
9 မီးရှို့ရာယဇ်နှင့်တွဲဖက်၍သံလွင်ဆီရော သောမုန့်ညက်ကို ဘောဇဉ်သကာအဖြစ်ပူဇော် ရမည်။ နွားထီးနှင့်အတူမုန့်ညက်ခြောက်ပေါင် ကိုလည်းကောင်း၊ သိုးထီးနှင့်အတူမုန့်ညက် လေးပေါင်ကိုလည်းကောင်း၊-
10 သိုးကလေးတစ်ကောင်စီနှင့်အတူမုန့် ညက်နှစ်ပေါင်ကိုလည်းကောင်းပူဇော်ရမည်။-
11 ထို့အပြင်လူတို့သန့်စင်မှုဝတ်အတွက်ပူ ဇော်သောဆိတ်၊ နေ့စဉ်ပူဇော်သည့်မီးရှို့ရာ ယဇ်နှင့်တကွဘောဇဉ်သကာ၊ စပျစ်ရည် သကာတို့အပြင်အပြစ်ဖြေရာယဇ် အဖြစ်ဆိတ်ထီးတစ်ကောင်ကိုပူဇော် ရမည်။
12 သင်တို့သည်သတ္တမလတစ်ဆယ့်ငါးရက်နေ့ တွင် စုဝေးဝတ်ပြုရမည်။ ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းသောဤပွဲတော်ကိုခုနစ် ရက်တိုင်တိုင်ကျင်းပရမည်။ ထိုရက်များတွင် အလုပ်မလုပ်ရ။-