1 မောရှေသည်တဲတော်ကိုတည်ဆောက်ပြီး သောနေ့တွင် တဲတော်နှင့်သက်ဆိုင်ရာပစ္စည်း များကိုလည်းကောင်း၊ ယဇ်ပလ္လင်နှင့်သက်ဆိုင် သောပစ္စည်းများကိုလည်းကောင်း ဘိသိက်ဆီ လောင်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။-
2 ထိုနောက်သန်းခေါင်စာရင်းကောက်ရာ၌ကြီး ကြပ်ဆောင်ရွက်ခဲ့သည့် ဣသရေလအနွယ် ခေါင်းဆောင်များဖြစ်ကြသောမိသားစု အကြီးအကဲတို့သည်၊-
3 ထာဝရဘုရားထံတော်သို့ပူဇော်သကာ များကိုယူဆောင်ခဲ့ကြ၏။ ခေါင်းဆောင်တစ် ဦးလျှင်နွားထီးတစ်ကောင်ကျနှင့်ခေါင်း ဆောင်နှစ်ဦးလျှင် လှည်းတစ်စီးကျစုစု ပေါင်းလှည်းခြောက်စီးနှင့်နွားတစ်ဆယ့် နှစ်ကောင်တို့ကိုထာဝရဘုရားအား ဆက်သကြသည်။-
4 ယင်းသို့ဆက်သပြီးနောက်ထာဝရဘုရား သည်မောရှေအား၊-
5 ``သင်သည်တဲတော်နှင့်ဆိုင်သောအမှုကို ဆောင်ရွက်ရန် ဤလှူဖွယ်ပစ္စည်းတို့ကိုလက်ခံ လော့။ လေဝိအနွယ်ဝင်တို့ဆောင်ရွက်ရမည့် လုပ်ငန်းအလိုက် ထိုလှူဖွယ်ပစ္စည်းတို့ကိုသူ တို့အားပေးအပ်လော့'' ဟုမိန့်တော်မူ၏။-
6 ထို့ကြောင့်မောရှေသည်လှည်းနှင့်နွားများ ကို လေဝိအနွယ်ဝင်တို့အားပေးအပ်လေ သည်။-
7 သူသည်လှည်းနှစ်စီးနှင့်နွားလေးကောင်ကို ဂေရရှုန်သားချင်းစုတို့အားလည်းကောင်း၊-
8 လှည်းလေးစီးနှင့်နွားရှစ်ကောင်ကို မေရာရိ သားချင်းစုတို့အားလည်းကောင်းပေးအပ် လေသည်။ သူတို့သည်အလုပ်ရှိသမျှကို အာရုန်၏သား ဣသမာညွှန်ကြားသည့် အတိုင်းဆောင်ရွက်ရကြသည်။-
9 ကောဟတ်သားချင်းစုတို့သည် မိမိတို့ကြည့် ရှုထိန်းသိမ်းရသောတဲတော်ဆိုင်ရာပစ္စည်း များကို ပခုံးပေါ်တွင်ထမ်းရသောကြောင့် မောရှေသည်သူတို့အတွက်လှည်းနှင့် နွားများကိုမပေးအပ်ချေ။
10 ဣသရေလခေါင်းဆောင်တို့ယဇ်ပလ္လင်ကို အနုမောဒနာပြုရာ၌လည်းပူဇော်သကာ များကိုယူဆောင်ခဲ့ကြသည်။ သူတို့သည် ယဇ်ပလ္လင်၌လှူဖွယ်ပစ္စည်းများကို ဆက်သ ရန်အသင့်ရှိသောအခါ၊-
11 ထာဝရဘုရားကမောရှေအား``ယဇ်ပလ္လင် ကိုအနုမောဒနာပြုရာ၌ခေါင်းဆောင်တစ် ဆယ့်နှစ်ဦးတို့သည် တစ်ဦးလျှင်တစ်ရက်ကျ အလှည့်ယူ၍မိမိတို့၏လှူဖွယ်ပစ္စည်းများ ကိုဆက်သစေရမည်'' ဟုမိန့်တော်မူ၏။
84-88 ယဇ်ပလ္လင်ကိုအနုမောဒနာပြုရာ၌ ဣသ ရေလအမျိုးခေါင်းဆောင်တစ်ဆယ့်နှစ်ဦး တို့ယူဆောင်ခဲ့ကြသောလှူဖွယ်ပစ္စည်းစုစု ပေါင်းမှာ၊-အလေးချိန်စုစုပေါင်းပေါင်ခြောက်ဆယ်ရှိသော ငွေဖလားတစ်ဆယ့်နှစ်လုံးနှင့်ငွေအင်တုံတစ် ဆယ့်နှစ်လုံး၊-နံ့သာပေါင်းအပြည့်ရှိသောအလေးချိန် စုစုပေါင်းလေးဆယ့်ရှစ်အောင်စရှိရွှေလင် ပန်းတစ်ဆယ့်နှစ်ချပ်၊-မီးရှို့ရာယဇ်အတွက်နွားထီးတစ်ဆယ့်နှစ် ကောင်၊ သိုးထီးတစ်ဆယ့်နှစ်ကောင်၊ တစ်နှစ်သား သိုးကလေးတစ်ဆယ့်နှစ်ကောင်နှင့် ယင်းတို့ နှင့်သက်ဆိုင်သောဘောဇဉ်သကာများ၊-အပြစ်ဖြေရာယဇ်အတွက်ဆိတ်တစ်ဆယ့် နှစ်ကောင်။-မိတ်သဟာယယဇ်အတွက်နွားထီးနှစ်ဆယ့် လေးကောင်၊သိုးထီးအကောင်ခြောက်ဆယ်၊ဆိတ် အကောင်ခြောက်ဆယ်၊တစ်နှစ်သားသိုးကလေး အကောင်ခြောက်ဆယ်စသည်တို့ဖြစ်ကြသည်။
89 မောရှေသည်ထာဝရဘုရားအားလျှောက် ထားရန်တဲတော်ထဲသို့ဝင်သောအခါ ပဋိ ညာဉ်သေတ္တာအဖုံးအထက်ခေရုဗိမ်ရုပ်နှစ်ခု ကြားမှထာဝရဘုရားမိန့်တော်မူသံကို ကြားရလေသည်။