1 သင်တို့သည်သတ္တမလ၊ ပထမနေ့တွင် စုဝေး ဝတ်ပြုရမည်။ ထိုနေ့တွင်အလုပ်မလုပ်ရ။ ထိုနေ့တွင်တံပိုးခရာများကိုမှုတ်ရမည်။-
2 ထာဝရဘုရားအားအပြစ်အနာကင်းသော နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်နှင့် တစ်နှစ်သားအရွယ်သိုးထီးခုနစ်ကောင်ကို ထာဝရဘုရားနှစ်သက်ဖွယ်ရနံ့အဖြစ် မီးရှို့ပူဇော်ရမည်။-
3 မီးရှို့ရာယဇ်နှင့်တွဲဖက်၍သံလွင်ဆီရော သောမုန့်ညက်ကို ဘောဇဉ်သကာအဖြစ်ပူဇော် ရမည်။ နွားထီးနှင့်အတူမုန့်ညက်ခြောက်ပေါင် ကိုလည်းကောင်း၊ သိုးထီးနှင့်အတူမုန့်ညက် လေးပေါင်ကိုလည်းကောင်း၊-
4 သိုးကလေးတစ်ကောင်စီနှင့်အတူ မုန့်ညက် နှစ်ပေါင်ကိုလည်းကောင်းပူဇော်ရမည်။-
5 ထို့အပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ် ထီးတစ်ကောင်ကိုလည်းပူဇော်ရမည်။ ဤ နည်းအားဖြင့်လူတို့အတွက်သန့်စင်မှု ဝတ်ကိုပြုရမည်။-
6 လစဉ်လဆန်းတစ်ရက်နေ့တွင်ပူဇော်သည့် မီးရှို့ရာသကာ၊ ၎င်းနှင့်တွဲဖက်သောဘောဇဉ် သကာ၊ နေ့စဉ်မီးရှို့ရာသကာနှင့်၎င်းနှင့်တွဲဖက် သောဘောဇဉ်သကာ၊ စပျစ်ရည်သကာအပြင် ဤသကာများကိုပူဇော်ရမည်။ ဤပူဇော် သကာတို့၏ရနံ့ကိုထာဝရဘုရားနှစ် သက်တော်မူ၏။
7 သင်တို့သည်သတ္တမလတစ်ဆယ့်လေးရက် နေ့တွင် စုဝေးဝတ်ပြုရမည်။ ထိုနေ့၌အစား အစာမစားရ၊ အလုပ်မလုပ်ရ။-
8 အပြစ်အနာကင်းသောနွားထီးတစ်ကောင်၊ သိုး ထီးတစ်ကောင်နှင့်တစ်နှစ်သားအရွယ်သိုးထီး ခုနစ်ကောင်ကို ထာဝရဘုရားနှစ်သက်ဖွယ် ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
9 မီးရှို့ရာယဇ်နှင့်တွဲဖက်၍သံလွင်ဆီရော သောမုန့်ညက်ကို ဘောဇဉ်သကာအဖြစ်ပူဇော် ရမည်။ နွားထီးနှင့်အတူမုန့်ညက်ခြောက်ပေါင် ကိုလည်းကောင်း၊ သိုးထီးနှင့်အတူမုန့်ညက် လေးပေါင်ကိုလည်းကောင်း၊-
10 သိုးကလေးတစ်ကောင်စီနှင့်အတူမုန့် ညက်နှစ်ပေါင်ကိုလည်းကောင်းပူဇော်ရမည်။-
11 ထို့အပြင်လူတို့သန့်စင်မှုဝတ်အတွက်ပူ ဇော်သောဆိတ်၊ နေ့စဉ်ပူဇော်သည့်မီးရှို့ရာ ယဇ်နှင့်တကွဘောဇဉ်သကာ၊ စပျစ်ရည် သကာတို့အပြင်အပြစ်ဖြေရာယဇ် အဖြစ်ဆိတ်ထီးတစ်ကောင်ကိုပူဇော် ရမည်။
12 သင်တို့သည်သတ္တမလတစ်ဆယ့်ငါးရက်နေ့ တွင် စုဝေးဝတ်ပြုရမည်။ ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းသောဤပွဲတော်ကိုခုနစ် ရက်တိုင်တိုင်ကျင်းပရမည်။ ထိုရက်များတွင် အလုပ်မလုပ်ရ။-
13 ပထမနေ့တွင်အပြစ်အနာကင်းသောနွား ထီးပျိုတစ်ဆယ့်သုံးကောင်၊ သိုးထီးနှစ်ကောင် နှင့်တစ်နှစ်သားအရွယ်သိုးထီးတစ်ဆယ့်လေး ကောင်တို့ကိုထာဝရဘုရားနှစ်သက်ဖွယ် ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
14 မီးရှို့ရာယဇ်နှင့်တွဲဖက်၍သံလွင်ဆီရောသော မုန့်ညက်ကို ဘောဇဉ်သကာအဖြစ်ပူဇော်ရမည်။ နွားထီးတစ်ကောင်စီနှင့်အတူမုန့်ညက်ခြောက် ပေါင်ကိုလည်းကောင်း၊ သိုးထီးတစ်ကောင်စီနှင့် အတူမုန့်ညက်လေးပေါင်ကိုလည်းကောင်း၊-
15 သိုးကလေးတစ်ကောင်စီနှင့်အတူမုန့်ညက် နှစ်ပေါင်ကိုလည်းကောင်း၊ လိုအပ်သောစပျစ် ရည်သကာများကိုလည်းကောင်းပူဇော်ရမည်။-
16 ထို့ပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီး တစ်ကောင်ကိုလည်းပူဇော်ရမည်။ ဤပူဇော် သကာများကိုနေ့စဉ်မီးရှို့ရာသကာနှင့် တကွဘောဇဉ်သကာ၊ စပျစ်ရည်သကာတို့ အပြင်ပူဇော်ရမည်။
17 ဒုတိယနေ့တွင်အပြစ်အနာကင်းသောနွား ထီးပျိုတစ်ဆယ့်နှစ်ကောင်၊ သိုးထီးနှစ်ကောင် နှင့်တစ်နှစ်သားအရွယ်သိုးထီးတစ်ဆယ့် လေးကောင်ကိုပူဇော်ရမည်။-
18-19 ထို့အပြင်ပထမနေ့တွင်ပူဇော်ရသည့် သကာများကိုလည်းပူဇော်ရမည်။
20 တတိယနေ့တွင်အပြစ်အနာကင်းသော နွားထီးပျိုတစ်ဆယ့်တစ်ကောင်၊ သိုးထီးနှစ် ကောင်နှင့်တစ်နှစ်သားအရွယ်သိုးထီးတစ် ဆယ့်လေးကောင်ကိုပူဇော်ရမည်။-
21-22 ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
23 စတုတ္ထနေ့တွင်အပြစ်အနာကင်းသောနွားပျို ဆယ်ကောင်၊ သိုးထီးနှစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးတစ်ဆယ့်လေးကောင်ကိုပူဇော် ရမည်။-
24-25 ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
26 ပဉ္စမနေ့တွင်အပြစ်အနာကင်းသောနွားပျို ကိုးကောင်၊ သိုးထီးနှစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးတစ်ဆယ့်လေးကောင်ကို ပူဇော်ရမည်။-
27-28 ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
29 ဆဋ္ဌမနေ့တွင်အပြစ်အနာကင်းသောနွား ပျိုရှစ်ကောင်၊ သိုးထီးနှစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးတစ်ဆယ့်လေးကောင်ကိုပူဇော် ရမည်။-
30-31 ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
32 သတ္တမနေ့တွင်အပြစ်အနာကင်းသောနွား ပျိုခုနစ်ကောင်၊ သိုးထီးနှစ်ကောင်နှင့်တစ်နှစ် သားအရွယ်သိုးထီးတစ်ဆယ့်လေးကောင် ကိုပူဇော်ရမည်။-
33-34 ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
35 အဋ္ဌမနေ့တွင်သင်တို့သည်စုဝေးဝတ်ပြုရ မည်။ ထိုနေ့၌အလုပ်မလုပ်ရ။-
36 အပြစ်အနာကင်းသောနွားပျိုတစ်ကောင်၊ သိုး ထီးတစ်ကောင်နှင့်တစ်နှစ်သားအရွယ်သိုးထီး ခုနစ်ကောင်ကိုထာဝရဘုရားနှစ်သက်ဖွယ် ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
37-38 ထို့ပြင်ပထမနေ့၌ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
39 ဤပြဋ္ဌာန်းချက်များကားသတ်မှတ်ထားသော ပွဲနေ့များ၌ ထာဝရဘုရားအားပူဇော်ရ မည့်မီးရှို့ရာသကာများ၊ ဘောဇဉ်သကာများ၊ စပျစ်ရည်သကာများနှင့်မိတ်သဟာယသကာ များနှင့်ဆိုင်သောပြဋ္ဌာန်းချက်များဖြစ်သည်။ ဤသကာများသည်ကတိဝတ်ဖြည့်သောသကာ၊ စေတနာအလျောက်ဆက်သသောသကာများ အပြင်ထာဝရဘုရားပြဋ္ဌာန်းသောသကာ များဖြစ်သည်။
40 သို့ဖြစ်၍မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသမျှကို ဣသရေလအမျိုး သားတို့အားကြားပြောလေ၏။