တော​လည် 2 BCL

အ​နွယ်​လိုက်​စ​ခန်း​ချ​ပုံ

1 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့​အား အောက်​ပါ​ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။-

2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စ​ခန်း​ချ​သော​အ​ခါ လူ​တိုင်း​မိ​မိ​တပ်​နှင့်​ဆိုင်​သော​အ​လံ​နှင့် မိ​မိ​သား​ချင်း​စု​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင်​နေ​ရာ​ယူ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တဲ​တော်​ပတ်​လည်​တွင်​စ​ခန်း​ချ​ရ​မည်။

17 အ​ရှေ့​မှ​ချီ​တက်​သော​တပ်​နှစ်​တပ်​နှင့်​အ​နောက်​မှ ချီ​တက်​သော​တပ်​နှစ်​တပ်​တို့​၏​အ​ကြား​တွင် လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲ​တော်​ကို​သယ်​ဆောင်​၍​ချီ​တက်​ရ​ကြ​မည်။ တပ်​တစ်​တပ်​စီ​သည်​စ​ခန်း​ချ​သည့်​အ​ခါ မိ​မိ​တို့​အ​လံ​အ​နီး​တွင်​နေ​ရာ​ယူ​သည့်​အ​စီ​အ​စဉ်​အ​တိုင်း​ချီ​တက်​ရ​မည်။

32 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တပ်​အ​လိုက်​နှင့်​သား​ချင်း​စု​အ​လိုက်​လူ​ဦး​ရေ​စာ​ရင်း​စု​စု​ပေါင်း​မှာ​ခြောက်​သိန်း​သုံး​ထောင့်​ငါး​ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။-

33 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​စာ​ရင်း​ကောက်​၍​မှတ်​တမ်း​တင်​ထား​ခြင်း​မ​ရှိ​ချေ။

34 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နှင့်​သက်​ဆိုင်​ရာ​အ​လံ​အ​နီး​တွင်​စ​ခန်း​ချကြ​၏။ ချီ​တက်​သည့်​အ​ခါ​သား​ချင်း​စု​အ​လိုက်​ချီ​တက်​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36