4 သို့ရာတွင်နာဒပ်နှင့်အဘိဟုတို့သည်သိနာ တောကန္တာရတွင်ထာဝရဘုရားအားမပူဇော် အပ်သောမီးဖြင့်ပူဇော်သောကြောင့်သေဆုံးခဲ့ ကြ၏။ သူတို့တွင်သားသမီးများမကျန်ရစ် ခဲ့ချေ။ ဧလာဇာနှင့်ဣသမာတို့သည်အာရုန် ၏လက်အောက်တွင်ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြရသည်။
5 ထာဝရဘုရားကမောရှေအား၊-
6 ``လေဝိအနွယ်ဝင်တို့ကိုဆင့်ခေါ်၍ယဇ်ပုရော ဟိတ်အာရုန်၏လက်အောက်တွင်အမှုတော်ဆောင် ရွက်စေလော့။-
7 သူတို့သည်ငါစံတော်မူရာတဲတော်နှင့်ဆိုင် သောအမှုကိုဆောင်ရွက်ရမည်။ ယဇ်ပုရော ဟိတ်များ၏ဝတ္တရားများနှင့်ဣသရေလ တစ်မျိုးသားလုံးနှင့်ဆိုင်သောဝတ္တရားများ ကိုဆောင်ရွက်ရမည်။-
8 သူတို့သည်တဲတော်နှင့်ဆိုင်သောပစ္စည်း အားလုံးကိုထိန်းသိမ်း၍ဣသရေလအမျိုး သားတို့အတွက်တဲတော်တွင်အမှုထမ်း ရမည်။-
9 လေဝိအနွယ်ဝင်တို့၏အဋ္ဌိကတာဝန် မှာအာရုန်နှင့် သူ၏သားတို့လက်အောက်၌ အမှုထမ်းခြင်းဖြစ်သည်။-
10 သင်သည်အာရုန်နှင့်သူ၏သားတို့အားယဇ် ပုရောဟိတ်၏ဝတ္တရားများကိုဆောင်ရွက်ခန့် ထားရမည်။ မဆိုင်သူကယဇ်ပုရောဟိတ် ဝတ္တရားများကိုဝင်ရောက်ဆောင်ရွက်လျှင် ထိုသူအားသေဒဏ်စီရင်ရမည်'' ဟုမိန့် တော်မူ၏။