3 အဖ၏အုပ်ထိန်းမှုအောက်တွင်ရှိနေသေး သောမိန်းမပျိုတစ်ဦးသည် ထာဝရဘုရား အားတစ်စုံတစ်ခုကိုဆက်သရန်ကတိပြု လျှင်သော်လည်းကောင်း၊ တစ်စုံတစ်ရာကို ရှောင်ကြဉ်ရန်သစ္စာဆိုလျှင်သော်လည်း ကောင်း၊-
4 သူ၏ဖခင်ကြား၍မတားမြစ်လျှင် သူသည် ကတိသစ္စာပြုထားသည်အတိုင်းတစ်သဝေ မတိမ်းဆောင်ရွက်ရမည်။-
5 သို့ရာတွင်သူ၏ဖခင်ကြား၍တားမြစ်ပါမူ သူသည်ကတိသစ္စာအတိုင်းဆောင်ရွက်ရန်မ လို။ ဖခင်၏တားမြစ်မှုကြောင့်ကတိသစ္စာပျက် ခြင်းကိုထာဝရဘုရားခွင့်လွှတ်တော်မူမည်။
6 အိမ်ထောင်မကျသေးသောအမျိုးသမီးတစ် ဦးသည် သိလျက်နှင့်သော်လည်းကောင်း၊ အမှတ် တမဲ့သော်လည်းကောင်းတစ်စုံတစ်ရာကိုရှောင် ကြဉ်ရန် ကတိသစ္စာပြုပြီးနောက်အိမ်ထောင် ကျလျှင် သူ၏ခင်ပွန်းသည်ကြား၍မတား မြစ်သော်၊-
7 သူသည်ကတိသစ္စာပြုထားသည်အတိုင်း တစ်သဝေမတိမ်းဆောင်ရွက်ရမည်။-
8 သူ၏ခင်ပွန်းကြား၍တားမြစ်လျှင်မူကား သူသည်ကတိသစ္စာအတိုင်းဆောင်ရွက်ရန် မလို။ ထာဝရဘုရားသည်သူ့ကိုခွင့်လွှတ် တော်မူမည်။
9 မုဆိုးမဖြစ်စေ၊ လင်ကွာမိန်းမဖြစ်စေ မိမိ ပြုခဲ့သမျှသောကတိသစ္စာကိုတည်စေ ရမည်။