15-37 သူတို့သည်ရေဖိဒိမ်စခန်းမှဟောရတောင် သို့ သွားသောခရီးလမ်းတွင်ရပ်နားသော စခန်းများနာမည်စာရင်းမှာသိနာတော ကန္တာရ၊ ကိဗြုတ်ဟတ္တဝါသို့မဟုတ်``မွတ်သိပ် ရာသင်္ချိုင်း၊'' ဟာဇရုတ်၊ ရိသမ၊ ရိမ္မုန်ဖာရက်၊ လိဗန၊ ရိဿ၊ ကေဟလာသ၊ ရှာဖာတောင်၊ ဟာရဒ၊ မက္ကလုတ်၊ တာဟတ်၊ တာရ၊ မိသကာ၊ ဟာရှမောန၊ မောသရုတ်၊ ဗင်္ယာကန်၊ ဟောရ ဂိဒ်ဂဒ်၊ ယုမ္ဘာသ၊ ဧဗြောန၊ ဧဇယုန်ဂါဗာ၊ ဇိနတောကန္တာရ(ယင်းသည်ကာဒေရှဖြစ်၏) ဧဒုံပြည်နယ်စပ်ရှိဟောရတောင်တို့ဖြစ် သည်။
38-39 ထာဝရဘုရား၏အမိန့်တော်အရ ယဇ် ပုရောဟိတ်အာရုန်သည်ဟောရတောင်ပေါ် သို့တက်လေ၏။ ဣသရေလအမျိုးသားတို့ သည်အီဂျစ်ပြည်မှ ထွက်လာခဲ့ပြီးနောက် လေးဆယ်မြောက်သောနှစ်၊ ပဉ္စမလ၊ လဆန်း တစ်ရက်နေ့တွင်အသက်တစ်ရာ့နှစ်ဆယ့် သုံးနှစ်ရှိသောအာရုန်သည် ထိုတောင်ပေါ် တွင်အနိစ္စရောက်လေသည်။
40 ထိုအချိန်၌ခါနာန်ပြည်တောင်ပိုင်းတွင် စိုးစံသောအာရဒ်ဘုရင်သည် ဣသရေလ အမျိုးသားတို့ချီတက်လာနေကြောင်း ကြားသိရလေ၏။
41-49 ဟောရတောင်မှမောဘလွင်ပြင်သို့သွား သောခရီးလမ်းတွင် ဣသရေလအမျိုး သားတို့ရပ်နားခဲ့သောစခန်းများနာမည် စာရင်းမှာဇာလမောန၊ ပုနုန်၊ သြဗုတ်၊ မောဘပြည်ထဲရှိဣဇာဗာရိမ်၊ ဒိဗုန်ဂဒ်၊ အာလမုန်ဒိ ဗလသိမ်၊ နေဗောတောင်အနီး ရှိအာဗရိမ်တောင်၊ ဗက်ယေရှိမုတ်နှင့်အာ ကာရှားချိုင့်ဝှမ်းအကြားယေရိခေါမြို့ တစ်ဖက်ယော်ဒန်မြစ်နားရှိမောဘလွင် ပြင်တို့ဖြစ်သည်။
50 ယေရိခေါမြို့တစ်ဖက်ယော်ဒန်မြစ်အနီး ရှိမောဘလွင်ပြင်တွင် ထာဝရဘုရားသည် မောရှေမှတစ်ဆင့်ဣသရေလအမျိုးသား တို့အား၊-
51 မိန့်မှာတော်မူသည်ကား``သင်တို့သည်ယော်ဒန် မြစ်ကိုကူး၍ ခါနာန်ပြည်သို့ဝင်ရောက်သော အခါ၊-
52 ထိုပြည်တွင်နေထိုင်သူအပေါင်းတို့ကိုနှင် ထုတ်ရမည်။ သူတို့၏ကျောက်ရုပ်ဘုရား၊ သတ္တု ရုပ်ဘုရားများနှင့်သူတို့ဝတ်ပြုကိုးကွယ် ရာဌာနရှိသမျှတို့ကိုဖျက်ဆီးပစ်ရ မည်။-