3 သို့ရာတွင်ထိုအမျိုးသမီးတို့သည်အခြား အနွယ်ဝင်အမျိုးသားတို့နှင့်စုံဖက်လျှင် သူတို့ ၏အမွေမြေသည်ထိုအမျိုးသားအနွယ်လက် ထဲသို့ရောက်ရှိသဖြင့် အကျွန်ုပ်တို့အတွက်ခွဲ ဝေပေးသောနယ်မြေသည်လျော့နည်းလာပါ လိမ့်မည်။-
4 ရောင်းချသောပစ္စည်းအားလုံးကိုမူလပိုင်ရှင် များ၏လက်သို့ပြန်အပ်ရသောပြန်လည်ပေး အပ်ခြင်းဆိုင်ရာယုဘိလနှစ်သို့ရောက်သော အခါ ဇလောဖဒ်သမီးတို့၏မြေသည်သူတို့ စုံဖက်သောအနွယ်ဝင်တို့လက်သို့အမြဲတမ်း ရောက်ရှိမည်ဖြစ်၍ အကျွန်ုပ်တို့၏အနွယ် အတွက်ဆုံးရှုံးနစ်နာပါသည်'' ဟုလျှောက် ထားကြသည်။
5 ထိုအခါမောရှေသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်း ဣသရေလအမျိုး သားတို့အားဆင့်ဆိုလေ၏။ မောရှေက``မနာ ရှေ၏အနွယ်ဝင်တို့လျှောက်ထားချက်သည် မှန်ကန်သဖြင့်၊-
6 ထာဝရဘုရားက`ဇလောဖဒ်၏သမီးတို့ သည် မိမိတို့ကြိုက်နှစ်သက်သောယောကျာ်းနှင့် စုံဖက်နိုင်၏။ သို့ရာတွင်ထိုယောကျာ်းသည် မိမိ တို့၏အနွယ်ဝင်ဖြစ်ရမည်' ဟုမိန့်တော်မူ၏။-
7 ဣသရေလအမျိုးသားတိုင်းပိုင်ဆိုင်သော အမွေမြေကို မိမိနှင့်သက်ဆိုင်ရာအနွယ် လက်မှအခြားအနွယ်လက်သို့မလွှဲ မပြောင်းရ။-
8 ဣသရေလအနွယ်ထဲမှအမွေမြေဆက်ခံ ရရှိသောအမျိုးသမီးတိုင်း မိမိ၏အနွယ် ဝင်ယောကျာ်းနှင့်စုံဖက်ရမည်။ ဤနည်းအား ဖြင့်ဣသရေလအမျိုးသားတိုင်းဘိုးဘေး တို့၏မြေကိုဆက်ခံရရှိသဖြင့်၊-
9 မြေသည်တစ်နွယ်လက်မှအခြားတစ်နွယ် လက်သို့ကူးပြောင်းနိုင်လိမ့်မည်မဟုတ်။ အနွယ် တိုင်းကမိမိပိုင်မြေကိုဆက်လက်ပိုင်ဆိုင် လိမ့်မည်'' ဟုဆို၏။