3 ငါ၏လူမျိုးတော်နှင့်အတူငါရှိရာစခန်း ကိုမညစ်ညူးစေရန် ဘာသာရေးထုံးနည်း အရမသန့်စင်သူတို့ကိုစခန်းအပြင်သို့ နှင်ထုတ်ရမည်'' ဟုမိန့်တော်မူ၏။-
4 ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည်မသန့်စင် သူတို့ကိုစခန်းအပြင်သို့နှင်ထုတ်လိုက် ကြ၏။
5-6 ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့လိုက်နာရန် အောက်ပါညွှန်ကြားချက်များ ကိုမောရှေအားပေးတော်မူ၏။ တစ်စုံတစ်ယောက် သည်အခြားသူတစ်ဦးအား မတော်မတရား ပြု၍ထာဝရဘုရား၏ပညတ်တော်ကို ချိုးဖောက်လျှင်၊-
7 ထိုသူသည်မိမိ၏အပြစ်ကိုဝန်ချတောင်းပန် ၍ မတော်မတရားပြုခြင်းခံရသူအားလျော် ကြေးအပြည့်အပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ် ဆောင်းပေးရမည်။-
8 အကယ်၍လျော်ကြေးလက်ခံမည့်သူသည် သေဆုံး၍ဆွေမျိုးသားချင်းမကျန်ရစ်လျှင် လျော်ကြေးကိုယဇ်ပုရောဟိတ်အတွက်ထာဝရ ဘုရားထံဆက်သရမည်။ အပြစ်ကူးလွန်သူ သည်လျော်ကြေးအပြင် သန့်စင်ခြင်းဝတ် အတွက်သိုးထီးကိုလည်းပေးဆောင်ရ မည်။-
9 ယဇ်ပုရောဟိတ်မှတစ်ဆင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားဆက်သသော အထူးအလှူဒါနရှိသမျှကိုယဇ်ပုရော ဟိတ်ပိုင်သည်။-
10 ယဇ်ပုရောဟိတ်သည်မိမိအားလှူသမျှတို့ ကိုပိုင်၏။