တော​လည် 10:16-22 BCL

16 ဇာ​ဗု​လုန်​အ​နွယ်​ကို​ဟေ​လုန်​၏​သား​ဧ​လျာ​ဘ က​လည်း​ကောင်း​အုပ်​ချုပ်​ရ​သည်။

17 ထို​နောက်​တဲ​တော်​ကို​ဖြုတ်​ချ​၍​ဂေ​ရ​ရှုန် သား​ချင်း​စု​နှင့် မေ​ရာ​ရိ​သား​ချင်း​စု​တို့ သည်​တဲ​တော်​ကို​ထမ်း​လျက်​ချီ​တက်​ရ​သည်။

18 ထို​နောက်​ရု​ဗင်​အ​နွယ်​တပ်​အ​လံ​နောက်​မှ လိုက်​ရ​သော​လူ​စု​ကို ရှေ​ဒု​ရ​၏​သား​ဧ​လိ ဇု​ရ​သည်​အုပ်​ချုပ်​လျက်​တပ်​စု​အ​လိုက်​ချီ တက်​ရ​သည်။-

19 ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေ​လု​မျေ​လ​သည် ရှိ​မောင် အ​နွယ်​ကို​လည်း​ကောင်း၊-

20 ဒွေ​လ​၏​သား​ဧ​လျာ​သပ်​သည်​ဂဒ်​အ​နွယ် ကို​လည်း​ကောင်း​အုပ်​ချုပ်​ရ​သည်။

21 ထို​နောက်​လေ​ဝိ​အ​နွယ်​ကော​ဟတ်​သား​ချင်း​စု တို့​သည် တဲ​တော်​ဆိုင်​ရာ​ပစ္စည်း​များ​ကို​ထမ်း​လျက် ချီ​တက်​ရ​သည်။ သူ​တို့​သည်​နောက်​စ​ခန်း​သို့ ဆိုက်​ရောက်​သည့်​အ​ခါ တဲ​တော်​ကို​ထူ​နှင့်​ပြီး ဖြစ်​သည်။

22 ထို​နောက်​ဧ​ဖ​ရိမ်​အ​နွယ်​တပ်​အ​လံ​နောက်​မှ လိုက်​ရ​သော​လူ​စု​ကို အ​မိ​ဟုဒ်​၏​သား​ဧ​လိ ရှ​မာ​သည်​အုပ်​ချုပ်​လျက်​တပ်​စု​အ​လိုက် ချီ​တက်​ရ​သည်။-