တော​လည် 12:1-4 BCL

1 မော​ရှေ​သည်​မိ​ဒျန်​အ​မျိုး​သ​မီး​တစ်​ဦး နှင့်​စုံ​ဖက်​သ​ဖြင့် မိ​ရိ​အံ​နှင့်​အာ​ရုန်​တို့ က​သူ့​အား​အ​ပြစ်​တင်​ကြ​လေ​သည်။-

2 သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား ဖြင့်​သာ​လျှင်​မိန့်​ကြား​တော်​မူ​သ​လော။ ငါ တို့​အား​ဖြင့်​လည်း​မိန့်​ကြား​တော်​မ​မူ​သ​လော'' ဟု​ဆို​ကြ​၏။ ထို​စ​ကား​ကို​ထာ​ဝ​ရ​ဘု​ရား ကြား​တော်​မူ​သည်။-

3 (မော​ရှေ​သည်​စိတ်​နှိမ့်​ချ​သူ​ဖြစ်​၏။ ကမ္ဘာ​ပေါ် တွင်​သူ​ကဲ့​သို့​စိတ်​နှိမ့်​ချ​သူ​တစ်​ယောက်​မျှ မ​ရှိ။)

4 ချက်​ချင်း​ပင်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ၊ အာ​ရုန်​နှင့်​မိ​ရိ​အံ​တို့​အား``သင်​တို့​သုံး ဦး​စ​လုံး​တဲ​တော်​သို့​လာ​ခဲ့​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ သူ​တို့​သည်​တဲ​တော်​သို့​ရောက်​ရှိ သော​အ​ခါ၊-