တော​လည် 12:13-16 BCL

13 သို့​ဖြစ်​၍​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား``အို ဘု​ရား​သ​ခင်၊ မိ​ရိ​အံ​၏​အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​စေ​တော်​မူ​ပါ'' ဟု​အော်​ဟစ်​တောင်း လျှောက်​လေ​၏။

14 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အ​ကယ်​၍ သူ​၏​ဖ​ခင်​သည်​သူ​၏​မျက်​နှာ​ကို​တံ​တွေး နှင့်​ထွေး​လျှင် သူ​သည်​ခု​နစ်​ရက်​ပတ်​လုံး အ​ရှက်​ခွဲ​ခြင်း​ခံ​ရ​မည်​မ​ဟုတ်​လော။ ထို ကြောင့်​သူ့​ကို​စ​ခန်း​အ​ပြင်​တွင်​ခု​နစ်​ရက် မျှ​သီး​ခြား​နေ​ထိုင်​စေ​လော့။ ရက်​စေ့​လျှင် သူ့​ကို​စ​ခန်း​အ​တွင်း​သို့​ပြန်​လည်​ခေါ်​ဆောင် ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-

15 ထို့​ကြောင့်​မိ​ရိ​အံ​ကို​စ​ခန်း​အ​ပြင်​သို့ ခု​နစ် ရက်​မျှ​သီး​ခြား​နေ​ထိုင်​ရန်​ထုတ်​ထား​ကြ​သည်။ သူ​စ​ခန်း​ထဲ​သို့​ပြန်​ရောက်​မှ​လူ​များ​တို့​သည် ခ​ရီး​ဆက်​ကြ​လေ​သည်။-

16 ထို​နောက်​သူ​တို့​သည်​ဟာ​ဇ​ရုတ်​စ​ခန်း​မှ ထွက်​ခွာ​၍ ပါ​ရန်​ဟု​ခေါ်​သော​တော​ကန္တာ​ရ တွင်​စ​ခန်း​ချ​ကြ​လေ​သည်။