တော​လည် 12:7-13 BCL

7 ငါ​၏​အ​စေ​ခံ​မော​ရှေ​သည်​ကား​ထို​ကဲ့​သို့ သော​ပ​ရော​ဖက်​မ​ဟုတ်။ ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို သူ​၏​လက်​ဝယ်​၌​ငါ​အပ်​ထား​ပြီ။-

8 သို့​ဖြစ်​၍​ငါ​သည်​သူ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​၍ ရှင်း​လင်း​ပြတ်​သား​စွာ​စ​ကား​ပြော​ဆို​၏။ စ​ကား​ဝှက်​ဖြင့်​ပြော​ဆို​လေ့​မ​ရှိ။ သူ​သည် ငါ​၏​ပုံ​သဏ္ဌာန်​တော်​ကို​ပင်​ဖူး​တွေ့​ခဲ့​ရ​၏။ သင်​တို့​သည်​ငါ​၏​အ​စေ​ခံ​မော​ရှေ​ကို အ​ဘယ်​ကြောင့်​အ​ပြစ်​တင်​ပြော​ဆို​ဝံ့ သ​နည်း'' ဟု​မိန့်​တော်​မူ​၏။

9 ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​အ​မျက်​ထွက် တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​ပြန်​လည်​ကြွ သွား​လျက်၊-

10 တဲ​တော်​ပေါ်​မှ​မိုး​တိမ်​တက်​သွား​သည့်​အ​ခါ မိ​ရိ​အံ​တွင် ကြောက်​မက်​ဖွယ်​သော​ကိုယ်​ရေ​ပြား ရော​ဂါ​စွဲ​သ​ဖြင့်​တစ်​ကိုယ်​လုံး​ဆွတ်​ဆွတ်​ဖြူ လာ​လေ​၏။ အာ​ရုန်​သည်​မိ​ရိ​အံ​ကိုယ်​၌ ရော​ဂါ စွဲ​သည့်​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ရ​သော အ​ခါ၊-

11 မော​ရှေ​အား``အ​ရှင်၊ အ​ကျွန်ုပ်​တို့​၏​မိုက်​မဲ သော​အ​ပြစ်​ကြောင့်​ဒဏ်​မ​ခံ​ရ​ပါ​စေ​နှင့်။-

12 ဖွား​စ​က​ပင်​ကိုယ်​ခန္ဓာ​တစ်​ဝက်​ကို​ပုပ်​ပျက် သော အ​သေ​ကောင်​ကဲ့​သို့​မိ​ရိအံ​မ​ဖြစ်​ပါ စေ​နှင့်'' ဟု​တောင်း​ပန်​လေ​၏။

13 သို့​ဖြစ်​၍​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား``အို ဘု​ရား​သ​ခင်၊ မိ​ရိ​အံ​၏​အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​စေ​တော်​မူ​ပါ'' ဟု​အော်​ဟစ်​တောင်း လျှောက်​လေ​၏။