တော​လည် 13:17-23 BCL

17 မော​ရှေ​သည်​သူ​တို့​ကို​မ​စေ​လွှတ်​မီ``သင်​တို့ သည်​ဤ​အ​ရပ်​မှ​မြောက်​ဘက်​သို့​သွား​၍ ခါ​နာန် ပြည်​တောင်​ပိုင်း​သို့​ဝင်​ပြီး​လျှင်​တောင်​ကုန်း ဒေ​သ​ပေါ်​သို့​တက်​လော့။-

18 ထို​ပြည်​သည်​မည်​ကဲ့​သို့​သော​ပြည်​ဖြစ်​သည်၊ လူ​ဦး​ရေ​မည်​မျှ​ရှိ​သည်၊ အင်​အား​မည်​မျှ တောင့်​တင်း​သည်​ကို​စုံ​စမ်း​ထောက်​လှမ်း​လော့။-

19 ထို​ပြည်​သည်​နေ​ထိုင်​ဖွယ်​ကောင်း​သည်​မ​ကောင်း သည်​ကို​လည်း​ကောင်း၊ မြို့​များ​သည်​တံ​တိုင်း အ​ကာ​အ​ရံ​ရှိ​သည်​မ​ရှိ​သည်​ကို​လည်း ကောင်း​စုံ​စမ်း​ထောက်​လှမ်း​လော့။-

20 ထို​ပြည်​သည်​မြေ​သြ​ဇာ​ထက်​သန်​သည်​မ​ထက် သန်​သည် တော​ထူ​ထပ်​သည်​မ​ထူ​ထပ်​သည်​ကို လည်း​စုံ​စမ်း​ထောက်​လှမ်း​လော့။ ထို​ပြည်​မှ​ထွက် သော​သစ်​သီး​အ​ချို့​ကို​လည်း​ယူ​ခဲ့​လော့'' ဟု မှာ​ကြား​လေ​သည်။ (ထို​အ​ချိန်​သည်​စ​ပျစ် သီး​မှည့်​စ​အ​ချိန်​ဖြစ်​၏။)

21 သို့​ဖြစ်​၍​သူ​တို့​သည်​မြောက်​ဘက်​သို့​သွား​ပြီး လျှင် ထို​ပြည်​တောင်​ဘက်​ဇိ​န​ခေါ်​တော​ကန္တာ​ရ မှ​မြောက်​ဘက်​ဟာ​မတ်​တောင်​ကြား​အ​နီး​ရှိ ရ​ဟော​ဘ​မြို့​သို့​တိုင်​အောင်​ပြည်​ကို​စုံ​စမ်း ထောက်​လှမ်း​ကြ​သည်။-

22 ပ​ထ​မ​ဦး​စွာ​သူ​တို့​သည်​ပြည်​၏​တောင်​ပိုင်း သို့​ဝင်​ရောက်​၍ ကိုယ်​ခန္ဓာ​အ​လွန်​ထွား​ကျိုင်း သည့်​အာ​န​က​အ​မျိုး​သား​တို့​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​သော​အ​ဟိ​မန်​သား​ချင်း​စု၊ ရှေ​ရှဲ​သား​ချင်း​စု​နှင့်​တာ​လ​မဲ​သား​ချင်း​စု တို့​နေ​ထိုင်​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​ရှိ​ကြ သည်။ (ဟေ​ဗြုန်​မြို့​သည်​အီ​ဂျစ်​ပြည်​ရှိ​ဇော​န မြို့​မ​တည်​မီ​ခု​နစ်​နှစ်​အ​ထက်​က​တည်​ခဲ့ သော​မြို့​ဖြစ်​သ​တည်း။-)

23 ထို​နောက်​သူ​တို့​သည်​ဧ​ရှ​ကော​လ​ချိုင့်​ဝှမ်း သို့​ရောက်​၍ စ​ပျစ်​သီး​တစ်​ခိုင်​ကို​ဖြတ်​ယူ​ကြ သည်။ ထို​စ​ပျစ်​ခိုင်​မှာ​အ​လွန်​လေး​လံ​သ​ဖြင့် လူ​နှစ်​ယောက်​ထမ်း​ပိုး​လျှို​၍​ထမ်း​ရ​သည်။ သူ တို့​သည်​သ​လဲ​သီး​နှင့်​သ​ဖန်း​သီး​အ​ချို့ ကို​လည်း​ယူ​ခဲ့​ကြ​သည်။-