တော​လည် 13:30-33 BCL

30 သို့​ရာ​တွင်​ကာ​လက်​သည်​မော​ရှေ​၏​ရှေ့​တွင် ညည်း​ညူ​သူ​တို့​အား``ငါ​တို့​သည်​ယ​ခု​ပင်​ထို ပြည်​သို့​ဝင်​ရောက်​တိုက်​ခိုက်​သိမ်း​ပိုက်​ကြ​ပါ စို့။ ငါ​တို့​သည်​ထို​ပြည်​ကို​တိုက်​ခိုက်​အောင် မြင်​နိုင်​စွမ်း​ရှိ​ပါ​သည်'' ဟု​ဆို​၍​လူ​တို့​ကို ငြိမ်​ဝပ်​သွား​စေ​၏။

31 သို့​သော်​လည်း​ကာ​လက်​နှင့်​အ​တူ​လိုက်​ပါ သွား​သူ​တို့​က``ငါ​တို့​သည်​ထို​ပြည်​ကို​တိုက် ခိုက်​အောင်​မြင်​နိုင်​စွမ်း​မ​ရှိ​ပါ။ ထို​ပြည်​သား တို့​သည်​ငါ​တို့​ထက်​အင်​အား​ကြီး​ပါ​သည်'' ဟု​ဆို​ကြ​၏။-

32 သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​စုံ​စမ်း​ထောက် လှမ်း​ခဲ့​သော​ပြည်​အ​ကြောင်း မ​ဟုတ်​မ​မှန် သ​တင်း​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ တွင်​ဖြန့်​ကြ​သည်။ သူ​တို့​က``ထို​ပြည်​၌​ထို ပြည်​သား​တို့​အ​တွက်​ပင်​လျှင်​သီး​နှံ​လောက် အောင်​မ​ထွက်​ပါ။ ငါ​တို့​တွေ့​မြင်​ခဲ့​သော​သူ အ​ပေါင်း​တို့​သည်​အ​လွန်​အ​ရပ်​မြင့်​ကြ​၏။-

33 အ​လွန်​ထွား​ကျိုင်း​သော​အာ​န​က​လူ​မျိုး​၏ အ​ဆက်​အ​နွယ်​များ​ကို​လည်း ငါ​တို့​တွေ့​မြင် ခဲ့​ရ​သည်။ ငါ​တို့​အ​မြင်​အား​ဖြင့်​ငါ​တို့​သည် သူ​တို့​ရှေ့​တွင်​နှံ​ကောင်​များ​သ​ဖွယ်​သေး​ငယ် ပါ​၏။ သူ​တို့​သည်​ငါ​တို့​ကို​နှံ​ကောင်​များ သ​ဖွယ်​မြင်​ပါ​မည်'' ဟု​ဆို​ကြ​လေ​သည်။