တော​လည် 16:43-49 BCL

43 ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​တဲတော် ရှေ့​သို့​ချဉ်း​ကပ်​၍​ရပ်​နေ​ကြ​၏။-

44 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊

45 ``ဤ​သူ​တို့​ထံ​မှ​ခွာ​၍​နေ​လော့။ ငါ​သည်​သူ​တို့ ကို​ချက်​ချင်း​ဖျက်​ဆီး​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​မြေ​ပေါ် တွင်​ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-

46 မော​ရှေ​က​အာ​ရုန်​အား``သင်​၏​မီး​ကျီး​ခဲ များ​ကို​ယူ​၍​ထည့်​ပြီး​လျှင်​နံ့​သာ​ပေါင်း ကို​မီး​ကျီး​ခဲ​ပေါ်​တွင်​တင်​လော့။ ထို​နောက် မီး​ကျီး​ခံ​အိုး​ကို​လူ​အ​ပေါင်း​တို့​ထံ​သို့ အ​လျင်​အ​မြန်​ယူ​ဆောင်​သွား​ပြီး​လျှင်​သူ တို့​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​ကို​အ​မျက် ထွက်​သ​ဖြင့်​သူ​တို့​တွင်​ရော​ဂါ​ဆိုက်​ရောက် စေ​ပြီ'' ဟု​ဆို​လေ​၏။-

47 မော​ရှေ​စေ​ခိုင်း​သည်​အ​တိုင်း​အာ​ရုန်​သည် မီး​ကျီး​ခံ​အိုး​ကို​ယူ​၍​လူ​အ​စု​အ​ဝေး ထဲ​သို့​ပြေး​ဝင်​လေ​သည်။ သူ​သည်​လူ​တို့​တွင် ရော​ဂါ​ကပ်​ဆိုက်​ရောက်​လျက်​ရှိ​ကြောင်း​တွေ့ မြင်​လျှင်​မီး​ခဲ​များ​ပေါ်​၌​နံ့​သာ​ပေါင်း ကို​တင်​လျက်​သူ​တို့​အ​တွက်​သန့်​စင်​ခြင်း ဝတ်​ကို​ပြု​လေ​၏။-

48 ထို​အ​ခါ​ရော​ဂါ​အန္တ​ရာယ်​ပ​ပျောက်​သွား သ​ဖြင့် သူ​သည်​သေ​သူ​နှင့်​ရှင်​သူ​တို့​၏ အ​လယ်​တွင်​ရပ်​လျက်​ရှိ​၏။-

49 ကော​ရ​ပုန်​ကန်​မှု​ကြောင့်​သေ​ဆုံး​သူ​များ အ​ပြင်​ရော​ဂါ​ကပ်​ကြောင့်​သေ​ဆုံး​သူ အ​ပေါင်း​မှာ​တစ်​သောင်း​လေး​ထောင့်​ခု​နစ် ရာ​ယောက်​ဖြစ်​သည်။-