တော​လည် 17:7-13 BCL

7 ထို​နောက်​မော​ရှေ​သည်​တဲ​တော်​ထဲ​ရှိ​ထာ​ဝ​ရ ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့​တွင်​တောင်​ဝှေး များ​ကို​ထား​လေ​သည်။

8 နောက်​တစ်​နေ့​တွင်​မော​ရှေ​သည်​တဲ​တော်​ထဲ သို့​ဝင်​သော​အ​ခါ လေ​ဝိ​အ​နွယ်​ဝင်​အာ​ရုန် ၏​တောင်​ဝှေး​မှ​အ​ညှောက်​ထွက်​လျက်​ရှိ​သည် ကို​တွေ့​မြင်​ရ​လေ​သည်။ ထို​တောင်​ဝှေး​မှ အ​ဖူး၊ အ​ပွင့်​များ​ဖူး​ပွင့်​၍​ဗာ​ဒံ​သီး​မှည့် များ​သီး​လျက်​ရှိ​ပေ​သည်။-

9 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား တောင်​ဝှေး​အား​လုံး​ကို​ထုတ်​ပြ​ရာ​သူ တို့​သည်​ဖြစ်​ခဲ့​သော​အ​ခြင်း​အ​ရာ​ကို​တွေ့ မြင်​ကြ​၏။ ဦး​စီး​ခေါင်း​ဆောင်​တို့​သည်​မိ​မိ တို့​ဆိုင်​ရာ​တောင်​ဝှေး​ကို​ပြန်​ယူ​ကြ​လေ​သည်။-

10 ထာ​ဝ​ရ​ဘု​ရား​က``အာ​ရုန်​၏​တောင်​ဝှေး​ကို သေတ္တာ​တော်​ရှေ့​တွင်​ပြန်​ထား​လော့။ ပုန်​ကန် တတ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အ​ပြစ်​တင်​ညည်း​ညူ​နေ​လျှင် အ​သက် သေ​ဆုံး​ရ​မည်​ဖြစ်​ကြောင်း​သ​တိ​ပေး​သည့် အ​နေ​ဖြင့်​အာ​ရုန်​၏​တောင်​ဝှေး​ကို​ထို နေ​ရာ​၌​ထား​ရ​မည်'' ဟု​မိန့်​တော်​မူ ၏။-

11 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း မော​ရှေ​ဆောင်​ရွက်​လေ​သည်။

12 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​မော​ရှေ အား``အ​ကျွန်ုပ်​တို့​၏​ဘ​ဝ​ဆုံး​ရှုံး​ပါ​ပြီ။-

13 တဲ​တော်​အ​နီး​သို့​ချဉ်း​ကပ်​မိ​သူ​တိုင်း​သေ ရ​မည်​ဆို​လျှင် အ​ကျွန်ုပ်​တို့​အား​လုံး​သေ​ဆုံး ရ​ပါ​တော့​မည်'' ဟု​ဆို​ကြ​လေ​သည်။