9 မောရှေသည်ဣသရေလအမျိုးသားတို့ အား တောင်ဝှေးအားလုံးကိုထုတ်ပြရာသူ တို့သည်ဖြစ်ခဲ့သောအခြင်းအရာကိုတွေ့ မြင်ကြ၏။ ဦးစီးခေါင်းဆောင်တို့သည်မိမိ တို့ဆိုင်ရာတောင်ဝှေးကိုပြန်ယူကြလေသည်။-
10 ထာဝရဘုရားက``အာရုန်၏တောင်ဝှေးကို သေတ္တာတော်ရှေ့တွင်ပြန်ထားလော့။ ပုန်ကန် တတ်သောဣသရေလအမျိုးသားတို့ သည်အပြစ်တင်ညည်းညူနေလျှင် အသက် သေဆုံးရမည်ဖြစ်ကြောင်းသတိပေးသည့် အနေဖြင့်အာရုန်၏တောင်ဝှေးကိုထို နေရာ၌ထားရမည်'' ဟုမိန့်တော်မူ ၏။-
11 ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေဆောင်ရွက်လေသည်။
12 ဣသရေလအမျိုးသားတို့ကမောရှေ အား``အကျွန်ုပ်တို့၏ဘဝဆုံးရှုံးပါပြီ။-
13 တဲတော်အနီးသို့ချဉ်းကပ်မိသူတိုင်းသေ ရမည်ဆိုလျှင် အကျွန်ုပ်တို့အားလုံးသေဆုံး ရပါတော့မည်'' ဟုဆိုကြလေသည်။