တော​လည် 18:1-7 BCL

1 ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``သင်​နှင့်​တ​ကွ သင်​၏​သား​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​ဆိုင်​သော​ဝတ်​ကို ဆောင်​ရွက်​ရာ​၌ မှား​ယွင်း​ချွတ်​ချော်​ခဲ့​သော် အ​ပြစ်​ဒဏ်​ကို​သင်​တို့​ခံ​ရ​ကြ​မည်။ သို့​ရာ တွင်​ယဇ်​ပု​ရော​ဟိတ်​တာ​ဝန်​ကို​ထမ်း​ဆောင် ရာ​၌​မှား​ယွင်း​ချွတ်​ချော်​ခဲ့​လျှင်​မူ​ကား သင် နှင့်​သင်​၏​သား​တို့​သာ​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​မည်။-

2 သင်​နှင့်​သင်​၏​သား​တို့​သည်​တဲ​တော်​နှင့်​ဆိုင် သော​ဝတ်​တို့​ကို​ဆောင်​ရွက်​ရာ​၌ သင်​၏​ဆွေ မျိုး​သား​ချင်း​များ​ဖြစ်​သော​လေ​ဝိ​အ​နွယ် ဝင်​တို့​အား​သင်​တို့​ကို​ကူ​ညီ​စေ​လော့။-

3 သူ​တို့​သည်​သင့်​ဝေ​ယျာ​ဝစ္စ​နှင့်​တဲ​တော် ဝေ​ယျာ​ဝစ္စ​ကို​ဆောင်​ရွက်​ရ​ကြ​မည်။ သို့​ရာ တွင်​သူ​တို့​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် ဆိုင်​သော​ပစ္စည်း​များ​ကို​လည်း​ကောင်း၊ ယဇ် ပလ္လင်​ကို​လည်း​ကောင်း​မ​ထိ​မ​ကိုင်​ရ။ အ​ကယ် ၍​ထိ​ကိုင်​မိ​လျှင်​သင်​နှင့်​တ​ကွ​သူ​တို့​သည် သေ​ဒဏ်​ခံ​ရ​ကြ​မည်။-

4 သူ​တို့​သည်​သင်​နှင့်​အ​တူ​တဲ​တော်​နှင့်​ဆိုင် သော​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ရ​မည်။ လေ​ဝိ အ​နွယ်​ဝင်​မှ​တစ်​ပါး​အ​ခြား​မည်​သူ​မျှ သင်​နှင့်​အ​တူ​တဲ​တော်​တာ​ဝန်​ကို​မ​ဆောင် ရွက်​စေ​ရ။-

5 သင်​နှင့်​သင်​၏​သား​များ​သာ​လျှင်​သန့်​ရှင်း ရာ​ဌာ​န​တော်​နှင့်​ယဇ်​လ္လင်​ဆိုင်​ရာ​တာ​ဝန် များ​ကို​ထမ်း​ဆောင်​ရ​မည်။ သို့​မှ​သာ​လျှင် ငါ​သည်​နောက်​တစ်​ဖန်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​မျက်​ထွက်​တော်​မူ​မည် မ​ဟုတ်။-

6 ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှ သင် ၏​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​ကို သင်​တို့​အ​တွက်​လှူ​ဖွယ် ဝတ္ထု​အ​ဖြစ်​ငါ​ရွေး​ချယ်​၏။ သူ​တို့​သည် တဲ​တော်​ဝေ​ယျာ​ဝစ္စ​ကို​ထမ်း​ဆောင်​စေ​ရန် ငါ့​အ​တွက်​ဆက်​ကပ်​ထား​သူ​များ​ဖြစ်​သည်။-

7 သို့​ရာ​တွင်​သင်​နှင့်​သင်​၏​သား​များ​က​သာ ယဇ်​ပလ္လင်​နှင့်​အ​လွန်​သန့်​ရှင်း​သော​ဌာ​န​တော် နှင့်​ဆိုင်​သော ယဇ်​ပု​ရော​ဟိတ်​ဝတ်​ရှိ​သ​မျှ ကို​ဆောင်​ရွက်​ရ​မည်။ မ​ဆိုင်​သူ​တစ်​စုံ​တစ် ယောက်​သည်​ချဉ်း​ကပ်​မိ​လျှင် ထို​သူ​အား​သေ ဒဏ်​စီ​ရင်​ရ​မည်။ ငါ​သည်​သင်​တို့​အား​ယဇ် ပု​ရော​ဟိတ်​ရာ​ထူး​ချီး​မြှင့်​ထား​သည်​ဖြစ် ရာ သင်​တို့​သည်​ဤ​တာ​ဝန်​များ​ကို​ထမ်း ဆောင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။