တော​လည် 18:3-9 BCL

3 သူ​တို့​သည်​သင့်​ဝေ​ယျာ​ဝစ္စ​နှင့်​တဲ​တော် ဝေ​ယျာ​ဝစ္စ​ကို​ဆောင်​ရွက်​ရ​ကြ​မည်။ သို့​ရာ တွင်​သူ​တို့​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် ဆိုင်​သော​ပစ္စည်း​များ​ကို​လည်း​ကောင်း၊ ယဇ် ပလ္လင်​ကို​လည်း​ကောင်း​မ​ထိ​မ​ကိုင်​ရ။ အ​ကယ် ၍​ထိ​ကိုင်​မိ​လျှင်​သင်​နှင့်​တ​ကွ​သူ​တို့​သည် သေ​ဒဏ်​ခံ​ရ​ကြ​မည်။-

4 သူ​တို့​သည်​သင်​နှင့်​အ​တူ​တဲ​တော်​နှင့်​ဆိုင် သော​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ရ​မည်။ လေ​ဝိ အ​နွယ်​ဝင်​မှ​တစ်​ပါး​အ​ခြား​မည်​သူ​မျှ သင်​နှင့်​အ​တူ​တဲ​တော်​တာ​ဝန်​ကို​မ​ဆောင် ရွက်​စေ​ရ။-

5 သင်​နှင့်​သင်​၏​သား​များ​သာ​လျှင်​သန့်​ရှင်း ရာ​ဌာ​န​တော်​နှင့်​ယဇ်​လ္လင်​ဆိုင်​ရာ​တာ​ဝန် များ​ကို​ထမ်း​ဆောင်​ရ​မည်။ သို့​မှ​သာ​လျှင် ငါ​သည်​နောက်​တစ်​ဖန်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​မျက်​ထွက်​တော်​မူ​မည် မ​ဟုတ်။-

6 ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှ သင် ၏​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​ကို သင်​တို့​အ​တွက်​လှူ​ဖွယ် ဝတ္ထု​အ​ဖြစ်​ငါ​ရွေး​ချယ်​၏။ သူ​တို့​သည် တဲ​တော်​ဝေ​ယျာ​ဝစ္စ​ကို​ထမ်း​ဆောင်​စေ​ရန် ငါ့​အ​တွက်​ဆက်​ကပ်​ထား​သူ​များ​ဖြစ်​သည်။-

7 သို့​ရာ​တွင်​သင်​နှင့်​သင်​၏​သား​များ​က​သာ ယဇ်​ပလ္လင်​နှင့်​အ​လွန်​သန့်​ရှင်း​သော​ဌာ​န​တော် နှင့်​ဆိုင်​သော ယဇ်​ပု​ရော​ဟိတ်​ဝတ်​ရှိ​သ​မျှ ကို​ဆောင်​ရွက်​ရ​မည်။ မ​ဆိုင်​သူ​တစ်​စုံ​တစ် ယောက်​သည်​ချဉ်း​ကပ်​မိ​လျှင် ထို​သူ​အား​သေ ဒဏ်​စီ​ရင်​ရ​မည်။ ငါ​သည်​သင်​တို့​အား​ယဇ် ပု​ရော​ဟိတ်​ရာ​ထူး​ချီး​မြှင့်​ထား​သည်​ဖြစ် ရာ သင်​တို့​သည်​ဤ​တာ​ဝန်​များ​ကို​ထမ်း ဆောင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

8 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရုန်​အား``မီး​ရှို့​ရာ ယဇ်​မ​ဟုတ်​သော​အ​ထူး​ပူ​ဇော်​သကာ​ဟူ သ​မျှ​တို့​ကို သင်​နှင့်​သင်​၏​သား​တို့​အား ငါ​ပေး​သည်။ ဤ​ဝေ​စု​ကို​သင်​နှင့်​သင်​၏ သား​အ​စဉ်​အ​ဆက်​တို့​အား​ငါ​ပေး​၏။-

9 မီး​ရှို့​ရာ​သ​ကာ​မ​ဟုတ်​သည့်​ထူး​မြတ်​သော သ​ကာ​များ​အ​နက် သင်​ပိုင်​ဆိုင်​သော​သ​ကာ များ​မှာ​ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ သ​ကာ​နှင့်​အ​ပြစ်​ဒဏ်​ပြေ​ရာ​သ​ကာ​တို့ ဖြစ်​သည်။ ငါ့​အား​ဆက်​သ​သော​သ​ကာ ဟူ​သ​မျှ​သည်​သင်​နှင့်​သင်​၏​သား​များ ပိုင်​ဆိုင်​၏။-