တော​လည် 18:9-15 BCL

9 မီး​ရှို့​ရာ​သ​ကာ​မ​ဟုတ်​သည့်​ထူး​မြတ်​သော သ​ကာ​များ​အ​နက် သင်​ပိုင်​ဆိုင်​သော​သ​ကာ များ​မှာ​ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ သ​ကာ​နှင့်​အ​ပြစ်​ဒဏ်​ပြေ​ရာ​သ​ကာ​တို့ ဖြစ်​သည်။ ငါ့​အား​ဆက်​သ​သော​သ​ကာ ဟူ​သ​မျှ​သည်​သင်​နှင့်​သင်​၏​သား​များ ပိုင်​ဆိုင်​၏။-

10 သ​ကာ​များ​ကို​သန့်​ရှင်း​သော​ဌာ​န​တွင်​စား​ရ မည်။ အ​မျိုး​သား​များ​သာ​လျှင်​စား​ရ​မည်။ ထို အ​စာ​သည်​သန့်​ရှင်း​သော​အ​စာ​ဖြစ်​၏။

11 ``ထို့​အ​ပြင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆက် သ​သော အ​ခြား​အ​ထူး​ပူ​ဇော်​သကာ​များ​သည် လည်း​သင်​တို့​နှင့်​ဆိုင်​၏။ ထို​ပူ​ဇော်​သကာ​များ သည် သင်​နှင့်​သင်​၏​သား​မြေး​အ​စဉ်​အ​ဆက် တို့​ခံ​စား​ရ​မည့်​ဝေ​စု​ဖြစ်​သည်။ သင့်​အိမ်​ထောင် ၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သူ​တိုင်း ထို​အ​စား​အ​စာ​ကို​စား​နိုင်​သည်။

12 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ငါ့​အား​နှစ် စဉ်​ဆက်​သ​သော​အ​ဦး​သီး​သော​အ​သီး​အ​နှံ များ​မှ​အ​ကောင်း​ဆုံး​သံ​လွင်​ဆီ၊ အ​ကောင်း​ဆုံး စ​ပျစ်​ရည်​နှင့်​အ​ကောင်း​ဆုံး​စ​ပါး​တို့​ကို သင့်​အား​ငါ​ပေး​၏။-

13 ထို​အ​စား​အ​စာ​များ​သည်​သင်​နှင့်​ဆိုင်​၏။ သင့်​အိမ်​ထောင်​၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​သူ​တိုင်း​ထို​အ​စား​အ​စာ​ကို​စား နိုင်​သည်။

14 ``ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ငါ့​အား အ​ပြီး အ​ပိုင်​ဆက်​ကပ်​ထား​သ​မျှ​တို့​သည်​သင် တို့​နှင့်​ဆိုင်​၏။

15 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ငါ့​အား ဆက်​သ​သော​သား​ဦး​ဖြစ်​သော​လူ​ဖြစ်​စေ၊ တိ​ရစ္ဆာန်​ဖြစ်​စေ​သင်​တို့​နှင့်​ဆိုင်​၏။ သို့​ရာ​တွင် သား​ဦး​ကို​ဖြစ်​စေ၊ အ​နာ​အ​ဆာ​ရှိ​သော တိ​ရစ္ဆာန်​သား​ဦး​ကို​ဖြစ်​စေ ငွေ​ဖြင့်​ရွေး​ယူ ခြင်း​ကို​လက်​ခံ​ရ​မည်။-