တော​လည် 19:1-6 BCL

1 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ မှ​တစ်​ဆင့်၊

2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ဖော် ပြ​ပါ​ပ​ညတ်​များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် အ​နာ​ကင်း​၍​ထမ်း​ပိုး​မ​တင်​ရ​သေး​သော နွား​နီ​မ​တစ်​ကောင်​ကို၊-

3 ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ထံ​သို့​ယူ​ဆောင်​ခဲ့ ရ​သည်။ နွား​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​၍ ယဇ်​ပု​ရော​ဟိတ်​၏​ရှေ့​မှောက်​တွင်​သတ်​ရ​မည်။-

4 ဧ​လာ​ဇာ​သည်​သွေး​ကို​လက်​ချောင်း​ဖြင့်​တို့​၍ တဲ​တော်​ရှိ​ရာ​ဘက်​ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။-

5 နွား​၏​အ​ရေ၊ အ​သား၊ သွေး​နှင့်​အူ​မှ​စ​၍​တစ် ကောင်​လုံး​ကို ယဇ်​ပု​ရော​ဟိတ်​ရှေ့​တွင်​မီး​ရှို့ ရ​မည်။-

6 ထို​နောက်​သူ​သည်​အ​ကာ​ရှ​သစ်​သား၊ ဟု​ဿုပ် ညွန့်​နှင့်​ချည်​ကြိုး​အ​နီ​တို့​ကို​မီး​ပုံ​ထဲ​သို့ ပစ်​ချ​ရ​မည်။-