တော​လည် 19:10-16 BCL

10 နွား​မ​၏​ပြာ​ကို​စု​သိမ်း​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​ရ​မည်။ သူ​သည်​လည်း​ည နေ​ခင်း​သို့​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ​သူ​တို့ နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​များ​သည် ဤ​ပ​ညတ်​ကို​အ​စဉ်​အ​မြဲ​စောင့်​ထိန်း​ရ​မည်။

11 လူ​သေ​ကောင်​ကို​ကိုင်​တွယ်​မိ​သူ​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ ခု​နစ်​ရက်​တိုင်​အောင်​မ​သန့် စင်​ဘဲ​ရှိ​လိမ့်​မည်။-

12 သူ​သည်​တ​တိ​ယ​နေ့​နှင့်​သတ္တ​မ​နေ့​များ တွင်​သန့်​စင်​ခြင်း​ဝတ်​ဆိုင်​ရာ​ရေ​ဖြင့် မိ​မိ ကိုယ်​ကို​သန့်​စင်​စေ​ရ​မည်။ ထို​နောက်​သူ သည်​သန့်​စင်​လာ​လိမ့်​မည်။ တ​တိ​ယ​နေ့ နှင့်​သတ္တ​မ​နေ့​များ​တွင်​သန့်​စင်​မှု​မ​ပြု လျှင် သူ​သည်​သန့်​စင်​လိမ့်​မည်​မ​ဟုတ်။-

13 လူ​သေ​ကောင်​ကို​ကိုင်​တွယ်​မိ​သော​သူ​သည် သန့်​စင်​ခြင်း​ဝတ်​ဆိုင်​ရာ​ရေ​ကို​ကိုယ်​ပေါ်​သို့ ပက်​၍ သန့်​စင်​မှု​မ​ပြု​လျှင်​မ​သန့်​စင်​ဘဲ​ရှိ နေ​လိမ့်​မည်။ ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ တဲ​တော်​ကို​ညစ်​ညမ်း​စေ​သ​ဖြင့် ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​ခြင်း​ခံ​ရ​မည်။

14 တဲ​ထဲ​တွင်​လူ​တစ်​ယောက်​ယောက်​သေ​ဆုံး​ခဲ့ လျှင် ထို​အ​ချိန်​တွင်​တဲ​တွင်း​၌​ရှိ​သော​သူ နှင့်​တဲ​ထဲ​သို့​ဝင်​လာ​သော​သူ​သည် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​ခု​နစ်​ရက်​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

15 တဲ​တွင်း​၌​အ​ဖုံး​မ​ရှိ​သော​အိုး​ခွက်​ရှိ​သ​မျှ တို့​သည်​လည်း​ညစ်​ညမ်း​လိမ့်​မည်။-

16 မြို့​ပြင်​တွင်​အ​သတ်​ခံ​ရ​သူ​သို့​မ​ဟုတ် သ​ဘာ​ဝ​အ​လျောက်​သေ​ဆုံး​သူ​၏​အ​လောင်း၊ အ​ရိုး၊ သင်္ချိုင်း​ကို​ကိုင်​တွယ်​မိ​သော​သူ​သည် ခု​နစ်​ရက်​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။